DVB Logo
Home
အားကစား
အာဖရိကဖလားကြောင့် ကစားသမားများ လက်လွှတ်ပေးရသည့် ပရီးမီးယားလိဂ်အသင်းများ
DVB
·
January 5, 2024
အာဖရိကဖလားကြောင့် ကစားသမားများ လက်လွှတ်ပေးရသည့် ပရီးမီးယားလိဂ်အသင်းများ
Donate to DVB

လာမယ့်အပတ်ထဲမှာ ကျင်းပဖို့ရှိတဲ့ အာဖရိကဖလား ဘောလုံးပြိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အသင်းတွေအနေနဲ့ မိုဟာမက်ဆာလာ၊ ဘစ်ဇူးမား၊ အိုနာနာ စတဲ့ အားထားရတဲ့ ကစားသမားတွေ အခုတပတ် အက်ဖ်အေဖလားပွဲစဉ်တွေအပြီး သက်ဆိုင်ရာ နိုင်ငံအသင်းတွေဆီ စေလွှတ်ပေးသွားရဖို့ ရှိနေပါတယ်။

သက်ဆိုင်ရာ နိုင်ငံအသင်းတွေနဲ့အတူ အာဖရိကဖလားပြိုင်ပွဲ ဆင်နွှဲရဖို့ရှိနေတဲ့ အခြေအနေမှာ အာဖရိက ကစားသမားတွေကိုမှ ခေါ်ယူထားမိတဲ့ အင်္ဂလန်ကလပ်တွေအနေနဲ့ ဒီကာလအတွင်းမှာ ယှဉ်ပြိုင်ရမယ့် ပြည်တွင်းပြိုင်ပွဲတွေမှာ ဒီကစားသမားတွေမပါဘဲ ဖြတ်သန်းသွားရဖို့ ရှိနေတာပါ။

ပရီးမီယားလိဂ်မှာ ပုံစံကောင်းရနေပြီး အမှတ်ပေးဇယားကိုပါ ဦးဆောင်ထားတဲ့ လီဗာပူးအသင်း အနေနဲ့ တောင်ပံတိုက်စစ်မှူး မိုဟာမက်ဆာလာကို အီဂျစ်အသင်းထံ စေလွှတ်ပေးရမှာပါ။ ဒီပြိုင်ပွဲမှာသာ အီဂျစ်အသင်း ဗိုလ်လုပွဲအထိ ရောက်ခဲ့မယ်ဆို ကလောပ့်အနေနဲ့ ပိုပြီး ခေါင်းခဲရဖွယ်ရှိတာပါ။

လီဗာပူးအနေနဲ့ ဒီကာလအတွင်းမှာ ဘုန်းမောက်၊ ချဲလ်ဆီး၊ အာဆင်နယ်၊ ဘန်လေတို့နဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ အပါအဝင် ဖူဟမ်နဲ့ နှစ်ကျော့ကစားရမယ့် ခါရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေ ယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။

အလားတူ တခြားပရီးမီးယားလိဂ် ကစားသမားတွေဖြစ်တဲ့ ထရာအိုရေး (အက်စတွန်ဗီလာ)၊ နီကိုလပ်စ်ဂျက်ဆင် (ချဲလ်ဆီး)၊ အမ်မရာဘတ်၊ အိုနာနာ (မန်ယူ)၊ မိုဟာမက်အယ်နီနီ (အာဆင်နယ်)၊ ဘစ်ဇူးမား (စပါး) တို့လို နာမည်ကျော်ကစားသမားတွေလည်း နိုင်ငံအသင်းနဲ့ သွားရောက်ပူးပေါင်းရမှာ ဖြစ်ပါတယ်။

ကစားသမားတွေကို အများဆုံးလက်လွှတ်ပေးရမယ့်အသင်းက နော့တင်ဟမ်ဖောရက်စ် အသင်းဖြစ်ပြီး ကစားသမား ၆ ဦးအထိ စေလွှတ်ပေးသွားရမှာပါ။

မန်စီးတီး၊ နယူးကာဆယ်နဲ့ ဘန်လေအသင်းတို့ကတော့ အာဖရိကန်ကစားသမားတွေ ခေါ်ယူထားခြင်းမရှိလို့ ဒီအခြေအနေကနေ ကင်းလွတ်ခွင့်ရမှာပါ။

အာဖရိကဖလား ဘောလုံးပြိုင်ပွဲကို အိုင်ဗရီကို့စ်နိုင်ငံမှာ ဇန်နဝါရီ ၁၃ ရက်ကနေ ဖေဖော်ဝါရီ ၁၁ ရက်အထိ ၁ လကြာ ကျင်းပမှာဖြစ်ပြီး လက်ရှိချန်ပီယံအသင်းက ဆီနီဂေါအသင်း ဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013