
အင်္ဂလန်နည်းပြ သောမတ်စ် တူချယ်လ်က ကမ္ဘာ့ဖလားမှာ အသင်းရဲ့ ခံစစ်အားနည်းချက်တွေ ပြန်ဖြစ်လာရင် အကြီးအကျယ် နစ်နာနိုင်ကြောင်း သတိပေးလိုက်ပါတယ်။
အင်္ဂလန်ဟာ ခရိုအေးရှားကို ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ ပထမပိုင်းမှာ ခံစစ်ပိုင်း အားနည်းမှုတွေ ရှိခဲ့တာကို တူချယ်လ်က ထောက်ပြပါတယ်။
ဒီအခြေအနေတွေက နိုးထမှုတခု ဖြစ်စေဖို့သူ မျှော်လင့်နေတာပါ။ အင်္ဂလန်ဟာ နောက်ပွဲစဉ်မှာ ဂါနာနဲ့ ရင်ဆိုင်ရမှာပါ။
တူချယ်လ်က "ကျနော်တို့ ၇ ယောက်တန်းဆင်း ခံစစ်ကစားခဲ့တာဟာ ကျနော်တို့ ပုံစံမဟုတ်ပါဘူး။ ဂိုးပေးလိုက်ရတာ ကောင်းပါတယ်။ ဒါက ကျနော်တို့ကို ဒီလိုမျိုး ထပ်မလုပ်ဖို့ ပြောပြနေတာပါ" လို့ ဆိုပါတယ်။
ဒီလိုကစားတာဟာ အဓိပ္ပာယ်မရှိကြောင်း၊ အသင်းရဲ့ အားသာချက်မဟုတ်ကြောင်းလည်း သူက ပြောပါတယ်။
ဘောလုံးပိုင်ဆိုင်မှုမှာလည်း တိုးတက်ဖို့ လိုအပ်ကြောင်း တူချယ်လ်က ထောက်ပြသွား ပါတယ်။
Photo:Reuters











