DVB Logo
Home
မြန်မာသတင်း
အလုပ်သမား ၁,၀၀၀ နီးပါး လုပ်ကိုင်နေသည့် Honor Apparel အထည်ချုပ် ပိတ်သိမ်းမည်
DVB
·
January 3, 2024
အလုပ်သမား ၁,၀၀၀ နီးပါး လုပ်ကိုင်နေသည့် Honor Apparel အထည်ချုပ် ပိတ်သိမ်းမည်
Donate to DVB

ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန်မှာ ဖွင့်လှစ်ထားတဲ့ Honor Apparel အထည်ချုပ်စက်ရုံ အပြီးပိတ်သိမ်းတော့မယ်လို့ အဲဒီစက်ရုံက ကြေညာထားပါတယ်။

Honor Apparel စက်ရုံအ​နေနဲ့ လည်ပတ်ဖို့ အော်ဒါမရှိလို့ ဖေဖော်ဝါရီ ၁ ရက်ကစပြီး စက်ရုံပိတ်သိမ်းမယ်လို့ အလုပ်သမားတွေကို အသိပေးကြေညာစာ ထုတ်ထားပါတယ်။

စက်ရုံပိတ်သိမ်းတော့မှာဖြစ်လို့ ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိကို နို့တစ်ကာလအဖြစ် သတ်မှတ်လိုက်ပြီး နို့တစ်ကာလပြီးဆုံးရင် ဥပဒေပါ ညွှန်ကြားချက်အတိုင်း စက်ရုံ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ပေးချေမယ်လို့ ဆိုပါတယ်။

အဲဒီစက်ရုံဟာ အလုပ်သမား ၁,၀၀၀ နီးပါးနဲ့ လည်ပတ်နေတာဖြစ်ပြီး တရုတ်နိုင်ငံသား ပိုင်ဆိုင်တဲ့စက်ရုံ ဖြစ်တယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

Honor Apparel စက်ရုံ လုပ်သားတဦးက “စက်ရုံက ပိတ်မယ်ဆိုပြီး သတင်းခဏခဏ ထွက်နေတာ။ အခုက တရားဝင် စာထွက်လာတာပေါ့။ အလုပ်သမားတွေက နစ်နာကြေးအပြည့်ရဖို့ မျှော်လင့်နေသလို နောက်အလုပ်မရမှာကို စိုးရိမ်နေတယ်” လို့ ပြောပါတယ်။

Honor Apparel အထည်ချုပ်စက်ရုံဟာ ဥရောပအပ်ထည်တွေကို ချုပ်နေတာဖြစ်ပြီး မြန်မာ့နိုင်ငံရေး အခြေအနေကြောင့် ဥရောပအမှတ်တံဆိပ်တွေ မြန်မာနိုင်ငံကနေ ထွက်ခွာနေလို့ အော်ဒါရှားပါးလာတာ ဖြစ်နိုင်တယ်လို့ စက်ရုံလုပ်ငန်း အသိုက်အဝန်း ဆိုပါတယ်။

အဲဒီစက်ရုံမှာ အရင်ကလည်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကြောင့် လုပ်ငန်းခွင် အငြင်းပွားမှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုလို စက်ရုံပိတ်သိမ်းတာဟာ ၂၀၂၄ နှစ်စမှာ Honor Apparel စက်ရုံက ပထမဆုံးစက်ရုံ ဖြစ်လာပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013