DVB Logo
Home
နိုင်ငံတကာ
နာမည်ကြီး Parasite ရုပ်ရှင်မင်းသား လီဆန်းဂျွန်း၏ နောက်ဆုံးဈာပနခရီး ပုံရိပ်များ 
DVB
·
January 2, 2024
နာမည်ကြီး Parasite ရုပ်ရှင်မင်းသား လီဆန်းဂျွန်း၏ နောက်ဆုံးဈာပနခရီး ပုံရိပ်များ 
1 / 3
Donate to DVB

အော်စကာဆုရ ကိုရီးယားရုပ်ရှင် Parasite ထဲက အဓိက ဇာတ်ဆောင်မင်းသားတလက် ဖြစ်တဲ့ လီဆန်းဂျွန်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်မှာ သေဆုံးသွားခဲ့ပြီဖြစ်ကာ သူ့ရဲ့ နောက်ဆုံး ဈာပနမှာတော့ ကျန်ရစ်တဲ့ မိသားစုဝင်တွေ၊ အနုပညာရှင်တွေသာမက ပရိသတ်တွေများစွာ လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။

အသက် ၄၈ နှစ်အရွယ် မင်းသားကို မြို့တော်ဆိုးလ်က ပန်းခြံတခုထဲမှာ ရပ်ထားတဲ့ ကားတစီးထဲမှာ သတိလစ်မေ့မြောလျက်သား အခြေအနေနဲ့ တွေ့ခဲ့တာဖြစ်ပြီး အနီးနားမှာလည်း မီးသွေးတောင့်တွေ တွေ့ခဲ့ရတယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။

သူဟာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ လီဆန်းဂျွန်က ဇနီးဖြစ်တဲ့ သရုပ်ဆောင်မင်းသမီး ဂျန်ဟေးဂျင်းဆီ “ငါမတတ်နိုင်တော့ဘူး။ ငါ့မှာတခြားနည်းလမ်းမရှိတော့ဘူး”လို့ ရေးသားထားတဲ့ စာတစောင် ချန်ထားခဲ့တယ်လို့ ဆိုပါတယ်။

မင်းသား လီဆန်းဂျွန်းဟာ တရားမဝင် မူးယစ်ဆေးသုံးစွဲတယ်ဆိုတဲ့စွပ်စွဲချက်ကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကတည်းက စုံစမ်းစစ်ဆေးခံနေရတာဖြစ်ပြီးတော့ သူကတော့ ဆေးတွေသုံးမိအောင် လိမ်လည်လှည့်ဖျားခံခဲ့ရတာလို့ ပြောထားပါတယ်။

နိုဝင်ဘာလမှာတော့ ဆေး ၂ ကြိမ် အစစ်ခံခဲ့ချိန်မှာ စစ်ဆေးမှုတွေက ဆေးမသုံးထားတဲ့ ရလဒ်တွေ ပေါ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မူးယစ်ဆေးမှုနဲ့ သူဟာ ကြော်ငြာနဲ့ ဇာတ်ကား ရိုက်ကူးရေးတွေ ဖျက် သိမ်းလိုက်ရတာကြောင့် အေဂျင်စီဘက်က ဝမ် ၁၀ ဘီလီယံလောက် နစ်နာခဲ့ရပြီး သူချန် ထားခဲ့တဲ့ စာထဲမှာ အေဂျင်စီနစ်နာဆုံးရှုံးခဲ့ရတာတွေအတွက် အေဂျင်စီရဲ့ စီအီးအိုကိုလည်း လီဆန်းဂျွန်က တောင်းပန်ထားခဲ့တယ်လို့ ဆိုပါတယ်။

Parasite ရုပ်ရှင်ထဲမှာတော့ မင်းသား လီဆန်းဂျွန်းဟာ ချမ်းသာတဲ့ မိသားစုက ဖခင်ဖြစ်သူ နေရာမှာ သရုပ်ဆောင်ခဲ့သူဖြစ်ပြီး အဲဒီရုပ်ရှင်ဟာ ၂၀၂၀ ပြည့်နှစ်အတွက် အ ကောင်းဆုံးရုပ်ရှင်ဆုအပါအဝင် အော်စကာဆု ၄ ခုအထိ ရရှိခဲ့ကာ သူပါဝင်တဲ့ Helpless (2012) ၊ All About My Wife (2012) ၊ A Hard Day (2014) ရုပ်ရှင်တွေ ဟာလည်း ပရိသတ်တွေကြား နာမည်ကြီးပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ကာလတွေကတည်းက ရုပ်သံဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေမှာ ပါဝင်ရင်း တစတစ နာမည်ရလာတဲ့သရုပ်‌ဆောင် မင်းသားဖြစ်တဲ့ လီဆန်းဂျွန်းဟာ မင်းသမီး ဂျန်ဟေးဂျင်းနဲ့ ၂၀၀၉ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ကွယ်လွန်ချိန်မှာ သား ၂ ယောက် ကျန်ရစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013