DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီစျေးတက်မှုကြောင့် အဝေးပြေး ရထားလက်မှတ်ခဈေးနှုန်း တိုးမြှင့်
DVB
·
December 31, 2023
စက်သုံးဆီစျေးတက်မှုကြောင့် အဝေးပြေး ရထားလက်မှတ်ခဈေးနှုန်း တိုးမြှင့်
Donate to DVB

စက်သုံးဆီစျေးတက်လို့ဆိုပြီး အဝေးပြေးရထားလက်မှတ်ခတွေကို ဇန်နဝါရီ ၁ ရက်ကစပြီး စျေးနှုန်း တိုးမြှင့်ရောင်းချသွားဖို့ရှိကြောင်း စစ်ကောင်စီ လက်အောက်ရှိ မြန်မာ့မီးရထားဌာနဆီက သိရပါတယ်။

အဝေးပြေးရထား လက်မှတ်ခတွေကို ခရီးစဥ်အလိုက် ပြင်ဆင်သတ်မှတ်ထားပြီး သက်ဆိုင်ရာ ဘူတာတွေမှာလည်း အသိပေးထားတယ်လို့ ဆိုပါတယ်။

မြန်မာ့မီးရထားသွား/လာရေးဌာနမှ Non CDM တဦးက "မနက်ဖြန်ကစပြီးစျေးတက်မှာ။ ကြိုတင်မှတ်ဝယ်သူတွေကိုလည်း ပြောင်းလဲကောက်ခံမယ့်နှုန်းနဲ့ ရောင်းပေးနေတယ်" လို့ ပြောပါတယ်။

ရန်ကုန်-မော်လမြိုင်လမ်းပိုင်းမှာဆိုရင် အထူးတန်းခရီးစဥ်အစ/အဆုံးအတွက် အရင်ကထက် ၃၀၀၀ ကျပ်၊ ရိုးရိုးတန်းခရီးစဥ် အစအဆုံးအတွက် ၂၀၀၀ ကျပ် တိုးမြှင့်သွားမယ်လို့ မော်လမြိုင်ဘူတာမှာ ကြေညာထားပါတယ်။

ဒါ့အပြင် တခြားလမ်းပိုင်းတွေနဲ့ ဘူတာခရီးစဥ် အကွာအဝေးလိုက် စျေးတွေ ပြောင်းထားတယ်လို့လည်း ခရီးသည်တွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ မြန်မာ့မီးရထားဌာနဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကလည်း တွက်ခြေမကိုက်လို့ဆိုပြီး မူလရထားလက်မှတ်ခရဲ့ ၅၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပါသေးတယ်။

အာဏာသိမ်းပြီးနောက်မှာ ရထားဝန်ထမ်းအများအပြား CDM ပြုလုပ်ခဲ့ကြပြီး ပြည်သူတချို့ကလည်း ရထားမစီးဘဲ သပိတ်မှောက်ခဲ့တာကြောင့် စစ်ကောင်စီအနေနဲ့ ရထားစီးရေ လျှော့ချပြေးဆွဲနေရတယ်လို့ ရထား CDM ဝန်ထမ်းတဦးက ပြောပါတယ်။

"ရထားဆိုတာက အရှုံးခံပြေးဆွဲရတာ၊ စစ်ကောင်စီအနေနဲ့က အရှုံးကို တာရှည်မခံနိုင်လို့ စျေးဆက်တိုက်တိုးတောင်းနေရတာ။ အခုပြေးဆွဲနေတာလည်း ဟန်ပြလောက်ပဲရှိတာပါ။"

လက်ရှိမှာ ရန်ကုန်မြို့ကို အခြေပြုပြီး မော်လမြိုင်၊ မန္တလေး၊ ပြည်လမ်းပိုင်းရထားတွေ ပြေးဆွဲနေတာရှိပြီး တရားဝင်လက်မှတ်နှုန်းထက် ပိုကာ မှောင်ခိုစျေးနဲ့ ဝယ်ယူနေကြရတာတွေရှိနေတယ်လို့ အဲဒီလုပ်ငန်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013