DVB Logo
Home
မြန်မာသတင်း
ဆီမီးကိုးထောင်ပွဲအတွက် ကျိုက်ထီးရိုးသို့ ဘုရားဖူးအများအပြား လာရောက်
DVB
·
December 31, 2023
ဆီမီးကိုးထောင်ပွဲအတွက် ကျိုက်ထီးရိုးသို့ ဘုရားဖူးအများအပြား လာရောက်
Donate to DVB

နှစ်သစ်ကူးနေ့နဲ့ ဆီမီးကိုးထောင်ပွဲအတွက် ကျိုက်ထီရိုးဘုရားကို ဘုရားဖူး အများအပြား ဝင်ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့မှာကျင်းပတဲ့ ဆီးမီးကိုးထောင်ပွဲဟာ ကျိုက်ထီးရိုးဘုရားဖူးကာလ ၈ လအတွင်း အစည်းကားဆုံးပွဲဖြစ်ပြီး ဘုရားဖူးအများအပြားလာကြပေမဲ့ ၂၀၂၀ ကိုဗစ်ကာလပြီးကတည်းက ဘုရားဖူးဝင်ရောက်တာနည်းသွားပြီး အခုနှစ်မှာ ပြန်များလာတာပါ။

ကျိုက်ထီးရိုးဒေသခံတယောက်က “ဘုရားဖူးက ဒီရက်ပိုင်းအတွင်း တောက်လျှောက်ကို တက်တာ။ အခုက နှစ်သစ်ကူးတာကို ကျိုက်ထီးရိုးတောင်ပေါ်မှာ လုပ်ချင်တဲ့သူတွေရော၊ ဆီးမီးကိုးထောင်ပွဲအတွက်ရော ဘုရားဖူးလာတဲ့သူတွေ တော်တော်များတယ်။ အခု အရေအတွက် အတိအကျ မသိပေမယ့် ၁ သောင်းကျော်လောက်ရှိတယ်” လို့ ပြောပါတယ်။

ကျိုက်ထီးရိုးက ဟိုတယ်တွေ၊ တည်းခိုခန်းတွေနဲ့ အခမဲ့ တည်းခိုဆောင်တွေ၊ ဓမ္မာရုံတွေနဲ့ ထမင်းဆိုင်တွေပါ တည်းခိုသူတွေနဲ့ပြည့်နေပြီး ရင်ပြင်တော်ပေါ်မှာလည်း အိပ်တဲ့သူတွေလည်း များပြားနေပါတယ်။

ထမင်းဆိုင်ဖွင့်နေသူတယောက်က “ကျနော်တို့ဆီမှာလည်း တည်းနေတဲ့သူတွေနဲ့ ပြည့်နေပြီ။ နောက်ထပ် ဘုရားဖူးတွေကလည်း ဆက်တက်နေတယ်။ ဒီဇင်ဘာ ပိတ်ရက် ဖြစ်လို့ထင်တယ် ခရစ္စမတ်ကတည်းက ဘုရားဖူးတွေက တောက်လျှောက်တက်နေတာ။ ဘုရားဖူးဝင်ရောက်မှုများတော့ ဒေသခံတွေလည်း အဆင်ပြေတာပေါ့” လို့ ပြောပါတယ်။

ဆီးမီးကိုးထောင်ပွဲအတွက် ဘုရားဖူးဝင်ရောက်တာများပြားနေပေမယ့် ကိုဗစ် မတိုင်ခင်ကနဲ့ ယှဉ်ရင် မပြောပလောက်သေးဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။

“အရင်က ဆီးမီးကိုးထောင်ကာလဆို ဘုရားဖူး သိန်းနဲ့ချီပြီးလာတာ။ ရင်ပြင်တော်မှာ ခြေချဖို့တောင် နေရာမရှိဘူး။ အခုက ကိုဗစ်ကာလနဲ့ နိုင်ငံရေးကာလအတွင်းမှာတော့ ဘုရားဖူးအများဆုံးပဲ ဆိုပေမယ့် အရင်ကနဲ့ ယှဉ်ရင်တော့ မမီသေးပါဘူး” လို့ ပြောပါတယ်။

ခရစ္စမတ်နေ့ကလည်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို ဘုရားဖူး ၉,၀၀၀ ကျော်ဝင်ရောက်ခဲ့တယ်လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ကျိုက်ထီးရိုးဘုရားပွဲဟာ ပုံမှန်အချိန်တွေမှာ တနှစ်ကို ဘုရားဖူးပျမ်းမျှ သိန်း ၃၀ အထိ တိုးမပေါက်ရှိခဲ့ပေမယ့် ကိုဗစ်ကာလ ၂၀၂၀ နောက်ပိုင်းမှာတော့ တနှစ်ကို ပျမ်းမျှ  ၂ သိန်း လောက်ပဲ လာတော့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013