DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့ရှိ တက္ကစီယာဥ်အားလုံး အဝါရောင်ဘေးလိုင်းစတစ်ကာ ကပ်ရမည်
DVB
·
December 31, 2023
ရန်ကုန်မြို့ရှိ တက္ကစီယာဥ်အားလုံး အဝါရောင်ဘေးလိုင်းစတစ်ကာ ကပ်ရမည်
Donate to DVB

ရန်ကုန်မြို့ရှိ နံပါတ်အနီ တပ်ဆင်ထားတဲ့ အငှားတက္ကစီမော်တော်ယာဥ်တွေအားလုံး အဝါရောင် ဘေးလိုင်း စတစ်ကာကပ်ထားပြီး မောင်းနှင်ရမယ်လို့ ရန်ကုန်တိုင်း၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ကစပြီး လာမယ့်ဇန်နဝါရီ ၃၁ ရက်အထိ ပညာပေးကာလအဖြစ် ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ စီးတီးတက္ကစီယာဥ်တွေကိုသာ စတေကာကပ်ထားခိုင်းရာက အခုလ တတိယပတ်လောက်ကစပြီး နယ်လိုင်စင်နဲ့ မောင်းနှင်နေတဲ့ တက္ကစီယာဥ်တွေပါ အဝါရောင်ဘေးလိုင်းစတစ်ကာ ကပ်ရမယ်လို့ YRTC  တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောပါတယ်။

“ရည်ရွယ်ချက်ကတော့ စီးတီးတက္ကစီတွေအားလုံး တပြေးညီဖြစ်အောင်လုပ်တဲ့ သဘောပါ။ အစကတော့ ရန်ကုန်လိုင်စင်နဲ့ မောင်းနေတဲ့ တက္ကစီတွေလောက်ပဲ လုပ်ဖို့ကနေ နယ်လိုင်စင်နဲ့ တက္ကစီတွေပါ လုပ်ဖြစ်သွားတာ။ အဲဒီလိုမဟုတ်ရင် တက္ကစီသမားချင်းအတူတူ ဒီလိုတွေလုပ်ခိုင်းပြီး ဟိုလူတွေကျ မလုပ်ခိုင်းဘူးဆိုပြီး ပြောသံတွေလည်း ကြားထားလို့ပါ။”

ရန်ကုန်တိုင်း၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) အနေနဲ့ ပညာပေးကာလပြီးဆုံးချိန် အဝါရောင်စတစ်ကာ မကပ်ထားတဲ့ အငှားတက္ကစီတွေကို မော်တော်ယာဥ် အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှု ဥပဒေ ၉၆ အရ အရေးယူမှာဖြစ်သလို ဒဏ်ကြေးငွေ ကျပ် ၃၀,၀၀၀ ကိုလည်း ပေးဆောင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

စီးတီးတက္ကစီအငှားယာဥ်မောင်းတဦးက “မနှစ်ကလောက်ထိ ရန်ကုန်မှာ တက္ကစီတွေက အခုလောက် မများသေးဘူး။ အခုကျမှ ဓာတ်ဆီစျေးတွေကလည်း တက်နေတာအပြင် ဝယ်လို့ မရတာတွေရှိနေတော့ ကားပိုင်ရှင်တွေက တက္ကစီ အငှားပေးတာတွေ များလာတာပေါ့။ အဲဒီမှာ ကျနော်တို့တွေကို စတေကာကပ်ခိုင်းပြီး နယ်လိုင်စင်သမားကျတော့ မကပ်ခိုင်းဘူးဆိုတာတော့ သဘာဝမကျဘူးပေါ့နော်။ တက္ကစီချင်းအတူတူ မျှမျှတတတော့ ဖြစ်စေချင်တာပေါ့” လို့ ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေတဲ့ စီးတီးတက္ကစီ ၅၈,၄၈၁ စီး ရှိပြီး အဝါရောင် ဘေးလိုင်းစတစ်ကာ ကပ်ထားတဲ့ စီးတီးတက္ကစီမှာ စီးရေ ၄၁၀၀၀ ကျော်ရှိကာ ရာခိုင်နှုန်းအားဖြင့် ၇၅ ရာခိုင်နှုန်းခန့် စတစ်ကာကပ်ထားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013