DVB Logo
Home
မြန်မာသတင်း
တက္ကစီများ ဘေးလိုင်းအဝါတပ်ပြီးပါက YRTC တံဆိပ်များ ကပ်ရမည်
DVB
·
October 26, 2023
တက္ကစီများ ဘေးလိုင်းအဝါတပ်ပြီးပါက YRTC တံဆိပ်များ ကပ်ရမည်
Donate to DVB

ရန်ကုန်မှာရှိတဲ့ တက္ကစီတွေအနေနဲ့ ဘေးလိုင်းအဝါတွေ တပ်ဆင်ပြီးပါက YRTC တံဆိပ်အဝိုင်းတွေကိုပါ ကပ်ရဦးမယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မှာရှိတဲ့ တက္ကစီတွေဟာ မူဝါဒအမျိုးမျိုး၊ စည်းကမ်းချက်အမျိုးမျိုး ထုတ်ခံနေရပြီး အခုအခါ ဘေးလိုင်းအဝါတွေကို YRTC က တပ်ဆင်စေခဲ့ပါတယ်။

အဲဒီလို တပ်ဆင်ပြီးတဲ့နောက် YRTC တံဆိပ်အဝိုင်းအကြီးတွေကိုလည်း ကားမှန်ရှေ့မှာ ကပ်ဖို့အတွက် YRTC က လုပ်ဆောင်နေတယ်လို့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။

“တခုပြီးတခု မပြီးတော့ဘူး။ အခု အဝါလိုင်းကပ်တာ ၁ သောင်းခွဲလောက်ကုန်တယ်။ နောက်တခါ YRTC တံဆိပ်ကပ်ရဦးမယ်တဲ့။ အဲဒါက ၂ သောင်းလောက် ကုန်ဦးမယ်။ ဘယ်တော့ လုပ်ရမယ်တော့ မသိရသေးဘူး” လို့ အငှားယာဉ်မောင်းတဦးက ပြောပါတယ်။

ရန်ကုန်မှာ အောက်တိုဘာ ၂၃ ရက်နေ့အထိ တက္ကစီ ယာဉ်အစီးရေ ၁ သောင်းကျော်ကို ဘေးလိုင်းအဝါတွေ တပ်ဆင်ပြီးပြီလို့ YRTC ဆီက သိရပါတယ်။

ဘေးလိုင်းအဝါ တပ်ဆင်တာကို YRTC က စတစ်ကာဖိုး ၅ ထောင် နဲ့ လက်ခတို့ကို မယူဘဲ တပ်ဆင်ပေးမယ်ဆိုပေမယ့် အမှန်တကယ် သွားရောက်တပ်ဆင်တဲ့နေရာမှာ ဝန်ထမ်းတွေက ကပ်ပေးရတဲ့ ကားတိုင်းကို လက်ဖက်ရည်ဖိုး တောင်းခံတာတွေရှိတယ်လို့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။

ရန်ကုန်လိုင်စင်တွေပဲ အခုလို ဘေးလိုင်းအဝါတပ်ဆင်ရတာဖြစ်ပြီး နယ်လိုင်စင်နဲ့ ကားတွေကတော့ တပ်ဆင်ရတာမျိုးမရှိဘူးလို့လည်း သိရပါတယ်။

ရန်ကုန်မှာ အငှားယာဉ် ‌၆ သောင်းကျော်ရှိပြီး တံခါးဘေးမှာ ကပ်ရတဲ့ City Taxi တံဆိပ်အတွက် ကျပ် ၃ သောင်းခွဲ၊ ကပ်ခ ၂ ထောင်၊ YRTC အသင်းဝင်ကြေး ကျပ် ၁ သောင်း ၈ ထောင်လောက် ကုန်ကျနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013