DVB Logo
Home
မြန်မာသတင်း
မအူပင်မြို့က လမ်းဘေးဈေးဆိုင် ၁၀၀ ကျော်ကို ရဲနှင့် စည်ပင်က ဖျက်သိမ်းခိုင်း
DVB
·
December 30, 2023
မအူပင်မြို့က လမ်းဘေးဈေးဆိုင် ၁၀၀ ကျော်ကို ရဲနှင့် စည်ပင်က ဖျက်သိမ်းခိုင်း
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့ပေါ်က လမ်းဘေးဈေးဆိုင် ၁၀၀  ကျော်လောက်ကို အထက်လူကြီး လမ်းကြောင်းရှိတယ်လို့ဆိုပြီး ဒီဇင်ဘာ ၂၈ ရက်က စတင်ကာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ စည်ပင်ဝန်ထမ်းတွေက ဖျက်သိမ်းခိုင်းတာကြောင့် အခက်ကြုံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။  

မအူပင်မြို့က ကမ်းနားလမ်း၊ ရေလဲလမ်းနဲ့ မြို့ရှောင်လမ်းတလျှောက်က ဈေးဆိုင်တွေနဲ့ အိမ်တွေကို ဒီဇင်ဘာ ၂၉ ရက်နောက်ဆုံးထားပြီး ဖျက်သိမ်းခိုင်းတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “အခု ဖျက်ခိုင်းတဲ့နေရာက အရင် နှစ်ပေါင်းမနည်း ကတည်းက ရောင်းနေတဲ့နေရာပါ။ စည်ပင်က နေ့တိုင်းအခွန်ကောက်ပြီး ရောင်းခွင့်ပြုထားတဲ့နေရာ။ မနေ့ကကျ ရုတ်တရက် လာဖျက်ခိုင်းတာ။ အထက်လူကြီး လမ်းကြောင်းရှိလို့ ပြောတာပဲ။ ဘာကောင်လဲတော့ မသိဘူး။ ရုတ်တရက် ဖျက်ခိုင်းတော့ အတော့်ကို ဒုက္ခရောက်တာပေါ့။ လူကြီးလာတိုင်း လမ်းဖျက်ခိုင်းတာ ဘာဘောလဲနားမနည်းဘူး” လို့ ပြောပါတယ်။

အဲဒီ လမ်းဘေးတွေမှာ အများစုက လေထိုးကျွတ်ဖာဆိုင်၊ ကား၊ ဆိုင်ကယ် ရေဆေးတဲ့ဆိုင်၊ ထမင်ကြော်ဆိုင်၊ အကင်ဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ ဆံပင်ညှပ်ဆိုင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

လမ်းဘေးဈေးရောင်းသူတယောက်က “အစကတော့ ၂ ရက်လောက် ဆိုင်ပိတ်ဖို့ပဲ ပြောတာ၊ အခုကျတော့ အပြီးဖျက်သိမ်းခိုင်းတာ။ လမ်းနဲ့လည်းမလွတ်ဘူးတဲ့။ သူတို့ အခွန်ယူလို့ ဝ သွားလို့ ဖြစ်လိမ့်မယ်။ အလုပ်ကမရှိ၊ အဆင်မပြေဖြစ်နေရတဲ့အထဲ ဒုက္ခအမျိုးမျိုး ပေးနေတာလေ သူတို့က” လို့ ပြောပါတယ်။

လာမယ့်ရက်မှာ မော်ကျွန်းဘက်က ကျောင်းဆောင်သစ်ဖွင့်ဖို့နဲ့ ရွေးကောက်ပွဲကော်မရှင် ရုံးခွဲဖွင့်ဖို့ စစ်ကောင်စီလူကြီး ၂ ယောက် ကားလမ်းခရီးနဲ့ လာမှာဖြစ်တာကြောင့် အခုလို လုပ်တာဖြစ်လိမ့်မယ်လို့ စစ်ကောင်စီ ထွေအုပ်ရုံးဝန်ထမ်းနဲ့ နီးစပ်သူဆီက သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်က ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်က ကော်မရှင်အဖွဲ့ခွဲ ရုံးသစ်ဆောက်လုပ်နေတာကို သွားရောက်စစ်ဆေးခဲ့လို့ ဝါးခယ်မနဲ့ မော်ကျွန်းမြို့တို့က လမ်းဘေးအိမ်တွေက လူတွေဖယ်ရှားခံရပြီး  ဆိုင်တွေလည်း ၃ ရက် လောက် ပိတ်သိမ်းခဲ့ရသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013