DVB Logo
Home
အားကစား
တိုက်စစ်မှူး တိုနေးအတွက် ကမ်းလှမ်းမှု မရသေးဟု ဘရန့်ဖို့ဒ်နည်းပြပြော
DVB
·
December 30, 2023
တိုက်စစ်မှူး တိုနေးအတွက် ကမ်းလှမ်းမှု မရသေးဟု ဘရန့်ဖို့ဒ်နည်းပြပြော
Donate to DVB

တိုက်စစ်မှူးတိုနေးအတွက် ကမ်းလှမ်းချက် တစ်စုံတစ်ရာမရရှိသေးကြောင်း ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ်က ပြောသွားပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ လောင်းကစားစည်းမျဉ်းတွေ ချိုးဖောက်မှုနဲ့ ၈ လကြာ ပွဲပယ်ခံခဲ့ရပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ မှာ ပြန်လည်ကစားခွင့်ရတော့မှာပါ။

အိုင်ဗန်တိုနေးကို ပြန်လည်အသုံးပြုခွင့်ရမှာက ကစားသစ်တစ်ဦး ခေါ်ယူလိုက်သလိုဖြစ်ပြီး သူဟာ ဘယ်လောက်ကောင်းတဲ့ တိုက်စစ်မှူးလဲဆိုတာ သက်သေပြထားပြီးသားဖြစ်တယ်လို့ သောမတ်စ်ဖရန့်ခ်က ပြောပါတယ်။

တိုနေးနဲ့ အပြောင်းအရွှေ့ကိစ္စ ပြောဖို့အတွက်က ကြီးမားတဲ့အခန်းကဏ္ဍဖြစ်ပေမဲ့ အသင်းမှာ ဆက်ထိန်းသွားချင်ကြောင်းနဲ့ ရောင်းချဖို့ ဆန္ဒမရှိကြောင်း နည်းပြဖရန့်ခ်က ပြောပါတယ်။

သတင်းတွေအရတော့ တိုနေးကိုခေါ်ယူဖို့ အာဆင်နယ်အသင်းက စိတ်ဝင်စားနေပြီး ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013