DVB Logo
Home
အားကစား
အာဖရိကဖလားပွဲအတွက် နောက်ကျပြီးမှ အသင်းနှင့် ပူးပေါင်းခွင့်ပေးရန် ဂိုးသမား အိုနားနား ညှိနှိုင်း
DVB
·
December 30, 2023
အာဖရိကဖလားပွဲအတွက် နောက်ကျပြီးမှ အသင်းနှင့် ပူးပေါင်းခွင့်ပေးရန် ဂိုးသမား အိုနားနား ညှိနှိုင်း
Donate to DVB

မန်ယူနိုက်တက် ဂိုးသမား အိုနားနားဟာ အာဖရိကဖလားပြိုင်ပွဲကို နောက်ကျပြီးမှ ပူးပေါင်းခွင့်ပေးဖို့ ကင်မရွန်း ဘောလုံးအဖွဲ့ချုပ်နဲ့ ဆွေးနွေးညှိနှိုင်းနေပါတယ်။

အိုနားနားဟာ နည်းပြ ရီဂိုဘတ်ဆောင်းရဲ့ လက်ရွေးစင်အသင်းလူစာရင်းမှာ ပါဝင်ခဲ့ပြီး လာမယ့် တစ်ပတ်မှာပဲ အသင်းနဲ့ ပူးပေါင်းရတော့မှာပါ။

အာဖရိကဖလားပြိုင်ပွဲကို ဇန်နဝါရီ ၁၅ ရက်မှာ စတင်မှာဖြစ်ပြီး ကလပ်အသင်းအတွက် အချိန်ရနိုင်သလောက် ဆက်ကစားချင်တာကြောင့် လက်ရွေးစင်အသင်းဆီကို နောက်ကျပြီးမှ ပူးပေါင်းဖို့ ဆန္ဒရှိနေတာပါ။

ESPN ရဲ့ဖော်ပြချက်အရ အိုနားနားဟာ ဇန်နဝါရီ ၈ ရက်မှာ ကစားမယ့် ဝီဂန်နဲ့ အက်ဖ်အေ ဖလားပွဲစဉ်အထိ မန်ယူအသင်းမှာ ဆက်ကစားဖို့ ဆန္ဒရှိနေပြီး အဲဒီပွဲပြီးမှ ကင်းမရွန်းအသင်းနဲ့ ပူးပေါင်းခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။

ပုံမှန်အတိုင်းဆိုရင်တော့ ဒီကနေ့ ညမှာ ကစားရမယ့် နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ် ကစားအပြီးမှာ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းသွားရမှာ ဖြစ်ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013