DVB Logo
Home
နိုင်ငံတကာ
အမေဇုန်သစ်တောရှိ တရားမဝင် ရွှေတူးဖော်ရေးလုပ်ငန်းများကို ဘရာဇီး နှိမ်နင်း
DVB
·
December 29, 2023
အမေဇုန်သစ်တောရှိ တရားမဝင် ရွှေတူးဖော်ရေးလုပ်ငန်းများကို ဘရာဇီး နှိမ်နင်း
Donate to DVB

အမေဇုန်မိုးသစ်တောထဲက တောနက်ကြီးထဲမှာ ဌာနေတိုင်းရင်းသားတွေရဲ့ မြေတွေကနေ အစိုးရက အကာအကွယ်ပေးထားတဲ့ ထိန်းသိမ်းရေးနယ်မြေတွေအထိ ပျံ့နှံ့နေတဲ့ တရားမဝင် အသေးစား ရွှေတူးဖော်ရေးလုပ်ငန်းတွေကို ဘရာဇီးအစိုးရက နှိမ်နင်းဖြိုခွင်းနေပြီး ဖက်ဒရယ်ရဲတပ်ဖွဲ့က တရားမဝင် အဆောက်အဦတွေနဲ့ စက်ပစ္စည်းတွေကိုလည်း ဖျက်ဆီးခဲ့ပါတယ်။

ဖက်ဒရယ်ရဲတပ်ဖွဲ့ဟာ တရားမဝင် ရွှေတွင်းလုပ်သားတွေကို ဖမ်းဆီးဖို့အတွက် အစိုးရရဲ့ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအေဂျင်စီ (ICMBio) နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သူတို့ရဲ့စခန်းတွေနဲ့ ပစ္စည်းကိရိယာတွေကိုလည်း ဖျက်ဆီးပစ်ခဲ့ပါတယ်။

ဒီနယ်မြေထဲမှာ ဟိုက်ဒရောလစ် တူးစက်တွေ၊ ယာယီအိမ်ခန်းတွေ၊ ရေနံနဲ့ ဒီဇယ်ဆီ လီတာပေါင်း ၄၄,၀၀၀ လောက်ကို ဒီယူနစ်ထဲမှာ တွေ့ရှိခဲ့ပြီး တရားမဝင် ဓာတ်သတ္တုထုတ်ယူမှုအတွက် အင်ဂျင်စက် ၃ လုံး၊ ပြဒါး ၁ ကီလိုဂရမ်ကျော်ကိုလည်း တွေ့ရှိခဲ့တယ်လို့ မစ်ရှင်ခေါင်းဆောင် ဆစ်ဒ်နီ ဆီရာဖင်မ်က ပြောပါတယ်။

အစိုးရရဲ့ ၃ ပတ်ကြာ စစ်ဆင်ရေးအတွင်း အေးဂျင့်တွေဟာ တောတွင်းမှာ မိုင်းတွင်းနေရာ ၂၀ နဲ့ လျှို့ဝှက်လေယာဉ် ၁၁ စင်း၊ ပြဒါး ကီလိုဂရမ်ပေါင်းများစွာနဲ့ ဒီဇယ်လီတာ ထောင်ပေါင်းများစွာတို့ကို တွေ့ရှိခဲ့တာပါ။

လက်ဝဲဝါဒီသမ္မတ လူးဝစ် အင်နာစီရို လူလာဒါဆေးလ်ဗားဟာ သူ့ရဲ့ရှေ့တဆက်က လက်ယာစွန်းဝါဒီ သမ္မတဟောင်း ဂျိုင်းရ် ဘော်ဆိုနာရိုရဲ့ နေရာကို ဆက်ခံချိန်ကတည်းက သူ့အစိုးရဟာ ဌာနေကြိုးဝိုင်းတွေမှာ အရင်းမြစ်တွေ တူးဖော်ခြင်းကို နှိမ်နင်းခဲ့ပြီး မိုင်းတွင်းလုပ်သားတွေကလည်း စည်းကမ်းထိန်းသိမ်းရေး အားနည်းတဲ့ တခြားသစ်တောတွေဆီ ပြောင်းရွှေ့သွားခဲ့ကြပါတယ်။

သမ္မတ လူလာဟာ တရားမဝင် တူးဖော်မှုကို နှိမ်နင်းပြီး ၂၀၃၀ ခုနှစ်မှာ သစ်တောပြုန်းတီးမှု အဆုံးသတ်ရေးကို ကတိပြုထားပြီး ဘော်ဆိုနာရိုရဲ့ မူဝါဒကို ပြတ်ပြတ်သားသား ပြောင်းပြန်လှန်လိုက်တာ ဖြစ်ပါတယ်။

သမ္မတဟောင်း ဘော်ဆိုနာရိုကတော့ အ‌ေမဇုန်သစ်တောထဲမှာ ပတ်ဝန်းကျင် ထိန်းချုပ်မှုတွေကို ဖြေလျှော့ပေးပြီးတော့ တရားမဝင် သစ်ခုတ်သမားတွေနဲ့ မိုင်းလုပ်သားတွေကို အခမဲ့ ခွင့်ပြုပေးထားတာကြောင့် သူ့ကို တကမ္ဘာလုံးက ပြစ်တင်ဝေဖန်နေကြတာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013