DVB Logo
Home
နိုင်ငံတကာ
အမေရိကန်စစ်တပ်က စက်ရုပ်အာကာသယာဉ် လွှတ်တင်
DVB
·
December 29, 2023
အမေရိကန်စစ်တပ်က စက်ရုပ်အာကာသယာဉ် လွှတ်တင်
Donate to DVB

အမေရိကန်စစ်တပ်ရဲ့ လျှို့ဝှက် စက်ရုပ်အာကာသယာဉ် X-37B ဟာ သူ့ရဲ့ သတ္တမမြောက် မစ်ရှင်ကို ဒီဇင်ဘာ ၂၈ ရက်မှာ ဖလော်ရီဒါကနေ လွှတ်တင်ခဲ့ပြီး ဒါဟာ အရင်ကထက် ပိုမြင့်မားတဲ့ ပတ်လမ်းကို ပို့ဆောင်ပေးနိုင်စွမ်းရှိတဲ့ SpaceX Falcon Heavy ဒုံးပျံကို ပထမဆုံး လွှတ်တင်နိုင်မှုလည်း ဖြစ်ပါတယ်။

ဒုံးပျံအူတိုင် ၃ ခုနဲ့အတူ ဖွဲ့စည်းထားတဲ့ Falcon Heavy ဒုံးပျံကို ကနာဗရယ်လ် အငူရှိ နာဆာရဲ့ ကနေဒီ အာကာသစခန်းမှ လွှတ်တင်ရေးစင်မြင့်ကနေ ညအချိန် လွှတ်တင်ခဲ့တာဖြစ်ပြီး ဒါကိုလည်း SpaceX ဝက်ဘ်ဆိုက်မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

X-37B ကို လွှတ်တင်ပြီးနောက်မှာ Falcon ရဲ့ ဘေးပိုင်း အားဖြည့်ကိရိယာတွေက ကမ္ဘာမြေပေါ်ကို ဘေးကင်းကင်း ပြန်ရောက်ရှိလာပါတယ်။

အမေရိကန်စစ်တပ်ရဲ့ အမျိုးသားလုံခြုံရေး အာကာသလွှတ်တင်ရေး အစီအစဉ်အရ X-37B မစ်ရှင်ကို အမေရိကန် အာကာသတပ်ဖွဲ့မှ ဦးစီးကျင်းပတာဖြစ်ပြီး ပင်တဂွန်ဟာ X-37B မစ်ရှင်နဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက် အနည်းငယ်ကိုသာ ထုတ်ပြန်ခဲ့ပါတယ်။

အခုပစ်လွှတ်မှုဟာ ပြီးခဲ့တဲ့ ၂ ပတ်ကျော်လောက်က မှားယွင်းမှုတွေ၊ နှောင့်နှေးမှုတွေနဲ့ စတင်ခဲ့တာပါ။

ရာသီဥတု ဆိုးရွားမှုနဲ့ အတိအကျ မသိရတဲ့ နည်းပညာဆိုင်ရာ ပြဿနာတွေကြောင့် အစောပိုင်းလွှတ်တင်မှု ၃ ကြိမ်ကို ဖျက်သိမ်းခဲ့ရပါတယ်။

ဒါ့ကြောင့် ကြာသပတေးနေ့ ပစ်လွှတ်မှုမတိုင်ခင်က မြေပြင်မှ ဝန်ထမ်းတွေဟာ အာကာသယာဉ်ကို သူ့သိုလှောင်ခန်းထဲ ပြန်ထည့်ဖို့တောင် ပြင်ဆင်ခဲ့ကြပါသေးတယ်။

ရှန်လုံ သို့မဟုတ် နတ်နဂါးကြီးလို့ နာမည်ပေးထားတဲ့ တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်စက်ရုပ် အာကာသယာဉ်ကို သူ့ရဲ့ တတိယမြောက်မစ်ရှင်အနေနဲ့ ပတ်လမ်းကြောင်းထဲကို လွှတ်တင်ပြီးနောက် ၂ ပတ်အကြာမှာ အမေရိကန်က အခု X-37B  လျှို့ဝှက် စက်ရုပ်အာကာသယာဉ်ကို  လွှတ်တင်လာတာဖြစ်ပြီး အာကာသနယ်ပယ်မှာလည်း အမေရိကန်-တရုတ် အပြိုင်အဆိုင်ထဲမှာ အသစ်တခု ထပ်ပေါ်လာတာလို့ ဆိုပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013