DVB Logo
Home
မြန်မာသတင်း
ကလေးခရိုင်၌ NUG က အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ ဖွင့်လှစ် သင်ကြားပေးနေ
DVB
·
December 29, 2023
ကလေးခရိုင်၌ NUG က အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ ဖွင့်လှစ် သင်ကြားပေးနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ပညာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ သက်မွေးပညာကော်မတီက ဒေသခံ ပြည်သူတွေအတွက် အသက်မွေးဝမ်းကျောင်းနဲ့ဆိုင်တဲ့ သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေတယ်လို့  တာဝန်ရှိသူတွေဆီက သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြားကာလပညာသင်ကြားရေးမှာ အထောက်အကူဖြစ်စေမယ့် သက်မွေးပညာသင်တန်းကျောင်းတွေကို ဖွင့်လှစ်ဖို့စီစဉ်ခဲ့ကြပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာ လကုန်ပိုင်းမှာ သင်တန်းတွေကို စတင်ဖွင့်လှစ်ခဲ့ကြတယ်လို့ သိရပါတယ်။

သင်တန်းအမျိုးအစားတွေကတော့ အခြေခံဂဟေဆက်သင်တန်း၊ အင်ဂျင်ပြင်သင်တန်း၊ စက်ချုပ်သင်တန်း၊ အခြေခံအိမ်သုံးဆေးဝါးသုံးစွဲနည်း သင်တန်း၊ သင်ကြားသင်ယူမှုဆိုင်ရာ သင်တန်း၊ စေတနာ့ဝန်ထမ်းဆရာတွေအတွက် သင်ကြားရေးသင်တန်း၊ အခြေခံ ကွန်ပျူတာသင်တန်း စတဲ့ သင်တန်းအမျိုးအစား ၇ မျိုးကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။

စေတနာ့ဝန်ထမ်း ဆရာတွေအတွက်  သင်ကြားရေးသင်တန်း ၃ ကြိမ် ဖွင့်လှစ်သင်ကြားပေးထားပြီး ဆရာ၊ ဆရာမ ၃၆၇ ဦးကို မွေးထုတ်လိုက်နိုင်ခဲ့ပါတယ်။

ကျန်းမာရေးဝန်ထမ်း ရှားပါးတဲ့ ကျေးရွာလူထုအတွက်လည်း အခြေခံအိမ်သုံးဆေးဝါးသုံးစွဲနည်း သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ အခြေခံအိမ်သုံးဆေးဝါးသုံးစွဲနည်းသင်တန်းကို ၈ ကြိမ် ဖွင့်လှစ်ထားပြီး သင်တန်းသား သင်တန်းသူ ၈၁ ဦး ကို သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

အခြေခံပညာပြီးမြောက်ပြီးတဲ့ အသက် ၁၆ နှစ်နဲ့ အသက် ၂၀ ကြား လူငယ်တွေအတွက် အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်ထားပြီး စာစီစာရိုက်အခြေခံနဲ့ ရုံးသုံးဆော့ဖ်ဝဲ အသုံးပြုနည်းတွေကို စနစ်တကျ သင်ကြားပေးနေတယ်လို့ သိရပါတယ်။

သင်တန်းတွေဖွင့်လှစ်ဖို့ ကုန်ကျစရိတ်အချို့ကိုတော့ NUG ပညာရေးဝန်ကြီးဌာနကပေးအပ်ပြီး Mobile Medical Team-West (M.M.T) က သင်တန်း ဖွင့်လှစ်ဖို့ လိုအပ်တာတွေ ထောက်ပံ့ပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013