DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်မြို့နယ်၌ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ငရုတ်သီးများ ပျက်စီး
DVB
·
December 28, 2023
ဆီဆိုင်မြို့နယ်၌ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ငရုတ်သီးများ ပျက်စီး
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ အခုလအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းတဲ့အတွက် စိုက်ပျိုးထားတဲ့ ငရုတ်သီးတွေ အများအပြား ပျက်စီးသွားကြောင်း စိုက်ပျိုးတောင်သူတွေက ပြောပါတယ်။

ငရုတ်သီးရင့်မှည့်တဲ့ ဒီဇင်ဘာလ ခူးဆွတ်ချိန်ရောက်ခါနီးမှာ မိုးရွာသွန်းတဲ့အတွက် ငရုတ်သီးတွေ အရောင်ပြောင်းပြီး ပုပ်သိုးတာ၊ ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။

ဆီဆိုင်မြို့နယ်အရှေ့ဘက် လွယ်ထွယ်ကျေးရွာမှ ငရုတ်သီးစိုက်တောင်သူတဦးက “တချို့တဝက်ကိုတော့ ပြန်ရွေးယူလို့ရသေးတယ်။ တချို့က လုံးဝမရတော့တာ။ အရောင်မလှတော့ဘူး၊ ပြီးတော့ မိုးရေထိရင် မစပ်တော့ဘူးလေ။ ကျမတို့ရွာဆို ခြံပြတ်ပျက်စီးသွားတဲ့လူလည်းရှိတယ်။ အစောကြီးခူးရင်လည်း နုတော့ အရောင်မလှတော့ ဈေးမကောင်းဘူးလေ။ ၁၀ ဧကမှာ ၆ ဧကစာလောက်ကို ပျက်သွားတယ်” လို့ ပြောပါတယ်။

ငရုတ်သီးဈေးနှုန်းမှာလည်း အရင်နှစ်က ငရုတ်သီးအခြောက် တပိဿာကို ၁၅,၀၀၀-၂၀,၀၀၀ ကျပ်အထိ ရခဲ့ပေမဲ့ ဒီနှစ်မှာ ၆,၀၀၀-၈,၀၀၀ ကျပ်ပဲ ရတဲ့အတွက် တောင်သူတွေ အထိနာခဲ့ရပါတယ်။

လွယ်သောဝ်ကျေးရွာကနေ ငရုတ်သီးစိုက် တောင်သူအမျိုးသမီးတဦးကလည်း “ပျက်တာပေါ့၊ ခြံလိုက်ပဲ၊ ခူးလို့မပြီးသေးဘဲ မိုးကဆက်တိုက်ရွာတော့ ပုပ်ကုန်တာလေ။ ဈေးကလည်း အရင်နှစ်လောက်တောင် မရဘူး။ ငရုတ်သီးကလည်းပျက်၊ ဈေးကလည်းမရတော့ ဒီနှစ် ငရုတ်သီးစိုက်တာက မောတာပဲကျန်တယ်” လို့ ပြောပါတယ်။

ပြန်ရွေးထုတ်လို့ရလာတဲ့ ငရုတ်သီးတွေကို အမှုန့်ထောင်းပြီး ပြန်ရောင်းတာတွေ လုပ်ရတဲ့အတွက် တောင်သူတွေအနေနဲ့ ငရုတ်သီးကို ဈေးကွက်ထဲ မရရအောင် ရောင်းချနေရတယ်လို့ ဆိုပါတယ်။

ငရုတ်သီးတွေကို ဆီဆိုင်မြို့နယ်အရှေ့ဘက် ကျေးရွာပေါင်း ၅၀ ကျော်မှာ အများအပြား စိုက်ပျိုးကြတာဖြစ်ပြီး အခုနှစ်မှာ စက်သုံးဆီတွေ ဝယ်ယူရခက်ခဲပြီး ဈေးနှုန်းမြင့်တဲ့အတွက် အောင်ပန်းမြို့ကို သွားမရောင်းနိုင်ဘဲ ဆီဆိုင်မြို့ထဲမှာပဲ ပွဲစားတွေပေးတဲ့ဈေးနဲ့ ရောင်းချနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013