DVB Logo
Home
နိုင်ငံတကာ
ထိုင်း ၁၃ ခရိုင်တွင် အချိန်အခါမဟုတ် မိုးရွာပြီး ရေကြီးနိုင် 
DVB
·
February 24, 2025
ထိုင်း ၁၃ ခရိုင်တွင် အချိန်အခါမဟုတ် မိုးရွာပြီး ရေကြီးနိုင် 
Donate to DVB

ထိုင်းနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖေဖော်ဝါရီ ၂၃ မှ ၂၆ ရက်ထိ ကာလတွေအတွင်း ခရိုင်ပေါင်း ၁၃ ခုမှာ အချိန်အခါမဟုတ် မိုးရွာခြင်း၊ ရေကြီးခြင်း၊ လေပြင်းတိုက်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထိုင်းနိုင်ငံမိုးလေဝသနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။ 

တရုတ်နိုင်ငံက လေဖိအားနည်းရပ်ဝန်းသစ် ဒါမှမဟုတ် လေအေးထုတွေဟာ ဗီယက်နမ် မြောက်ပိုင်းကို ရွေ့လျားသွားပြီး အဲဒီကနေ တောင်တရုတ်ပင်လယ်ကို ဖုံးလွှမ်းမယ်၊ တောင်တရုတ်ပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့ဘက်ရောက်ရှိလာပြီး ဒီအခြေအနေတွေဟာ ထိုင်းနိုင်ငံ တောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေမှာ လေပြင်းတိုက်ခတ်ပြီး အထက်ပိုင်းကို ရောက်ရှိမယ်၊ ထိုင်းနိုင်ငံအထက်ပိုင်းမှာ ရာသီဥတုပူပြင်းပြီး တောင်ဘက်က တိုက်လာတဲ့ လေအေးထုတွေနဲ့ ထိတွေ့ရာက ရာသီဥတုဖောက်ပြန်ပြီး ထိုင်းမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာ မိုးသက်လေပြင်း ကျရောက်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့  ဆိုပါတယ်။ 

ဖေဖော်ဝါရီ ၂၄ မှ ၂၆ ရက်အတွင်း ထိုင်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းရှိ ဖစ်ချ်ဘူရီ၊ ပရကျုပ်ခီရီခန်၊ ချွန်းဖွန်း၊ စူရတ်ဌာနီ၊ နခွန်းဆီထမရတ်၊ ဖတ်ထလုန်း၊ ဆုန်ခလာ၊ ရနောင်း၊ ဖန်င၊ ဖူးကစ်၊ ကရပိ၊ တရန်း၊ ဆဒွန်း စတဲ့ ခရိုင်ပေါင်း ၁၃ ခုမှာ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးဌာနကလည်း ချွန်းပူးရီး၊ ရနောင်း၊ ပကျုပ်ခီရီခန်၊ ချွန်းဖွန်း၊ စူရတ်ဌာနီ၊ နခွန်းဆီထမရတ်၊ ဆုန်ခလာ၊ ပတ္တနီ၊ ယာ့လား၊ နရာသီဝပ်၊ ဖတ်ထလွန်း စတဲ့ ခရိုင် ၁၁ ခုမှာ ဖေဖော်ဝါရီ ၂၃ မှ ၂၆ ရက်တွေအတွင်း မိုးသည်းထန်ပြီး ရုတ်တရက် ရေကြီးရေလျှံခြင်းနဲ့ တောင်ကျချောင်းရေတွေ သတိထားဖို့၊ ထိုင်းပင်လယ်အော်မှာ လှိုင်းအမြင့် ၂ မီတာ မှ ၃ မီတာထိ မြင့်တက်နိုင်တာကြောင့် လှေငယ်တွေအနေနဲ့ မိုးသား ကျူးတဲ့အရပ်မှာ ကမ်းကနေမထွက်ခွါဖို့ သတိပေးထားပါတယ်။ 

အထူးသဖြင့် ကမ္ဘာလှည့်ခရီးသွားတွေ အမြောက်အမြားလည်ပတ်ရာ စူရတ်ဌာနီခရိုင် ကော့စမွီနဲ့ ကော့ဖငန်း စတဲ့ကျွန်းမြို့တွေမှာ သဘာဝဘေးအန္တရာယ်ကို ဖေဖော်ဝါရီ ၂၄ ရက် ဒီနေ့ အထူးသတိထားဖို့ သတိပေးထားပါတယ်။

ထိုင်းမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းရှိ မိုးရွာသွန်းနိုင်တဲ့ ခရိုင်တွေမှာ မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်း၊ လမ်းဖွန်း၊ လမ်းပန်း၊ ဖယောဝ်း၊ နန့်၊ ဆုခိုထိုင်း၊ ကမ်ဖိုင်ဖစ်၊ လွေး၊ နောင်ခိုင်၊ နောင်ဘိုလမ်းဖူး၊ ချိုင်းယဖုမ်း၊ ခွန်ကဲင်၊ နခွန်းရာ့ချ်ဆီမား၊ ဘူရီရမ်၊ ဆူရင်း၊ ဆီစကစ်၊ ဥဘွန်းရာ့ချ်ဌာနီ တို့ဖြစ်ပါတယ်။

ဒါ့အပြင်  ထိုင်းအလယ်ပိုင်း ဥထိုင်းဌာနီ၊ လုပ်ပူရီ၊ ဆရပူရီ၊ ဆုဖန်းပူရီ၊ ကန်ကျနပူရီ၊ ရာ့ချ်ပူရီ၊ နခွန်းပထုန်၊ စမွတ်ဆုန်ခလမ်းနဲ့ စမွတ်စခွန်းခရိုင်တွေလည်း မိုးရွာနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ 

Source:  TNN /NAEWNA 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013