DVB Logo
Home
မြန်မာသတင်း
နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) ပထမဆုံးဘဏ်ခွဲ ကောလင်းမြို့၌ ဖွင့်လှစ်မည်
DVB
·
December 27, 2023
နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) ပထမဆုံးဘဏ်ခွဲ ကောလင်းမြို့၌ ဖွင့်လှစ်မည်
Donate to DVB

နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) ရဲ့ ပထမဆုံး မြေပြင်ဘဏ်ခွဲကို မြန်မာပြည်တွင်း စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ ဖွင့်လှစ်ဖို့ရှိပြီး    မကြာမီ ကာလအတွင်းမှာ ဘဏ်ဝန်ဆောင်မှုတွေ စတင်ပေးနိုင်တော့မယ်လို့ (SDB) ဘဏ်ကထုတ်ပြန် ကြေညာထားပါတယ်။

SDB ဘဏ်ခွဲကို  ဘယ်နေ့ဘယ်ရက် ကောလင်းမြို့ရဲ့ ဘယ်နေရာမှာ  ဖွင့်လှစ်မယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ အတိအကျဖော်ပြထားတာမရှိပါဘူး။  

“လေလှိုင်းကဘဏ်ဆိုပြီး လေအလွင့်မှာ တချက်တချက် ထခုန်တဲ့ ကြွပ်ကြွပ်အိတ်လို မလိုသူတွေက ရယ်မောကြတယ်။ ကျောက်သားကျောက်စိုင်ကိုတောင် ဖြိုခွင်းနိုင်စွမ်းရှိတဲ့ ခွန်အားကြီးမားတဲ့ လှိုင်းလုံးကြီးတွေကတော့ သူ့အလုပ်သူ တည်ငြိမ်စွာလုပ်ရင်း သက်သေထူနိုင်ကြတော့မယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဒစ်ဂျစ်တယ်ဘဏ် ဖြစ်တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် ပထမဆုံး မြေပြင်ဘဏ်ခွဲမှ နွေဦးချစ်သူတွေကို မကြာမီ ကာလအတွင်းမှာ ဘဏ်ဝန်ဆောင်မှုတွေ စတင် ပေးပါတော့မယ်”လို့  SDB ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာရေးသား ထားပါတယ်။

ခရိုင်အဆင့်ရှိတဲ့ ကောလင်းမြို့ကို  နိုဝင်ဘာ ၆ ရက်နေ့ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တော်လှန်ရေးအဖွဲ့တွေက ပူးပေါင်းသိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

ကောလင်းမြို့သိမ်းတိုက်ပွဲအပြီးမှာ  မြန်မာ့စီးပွားရေးဘဏ်က ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၉၅၂ ဒသမ ၃၄၃ နဲ့ ပုဂ္ဂလိကဘဏ်တွေက ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၄ သောင်းခွဲလောက်ကို တော်လှန်ရေးအဖွဲ့တွေက  သိမ်းဆည်း ရမိထားပါတယ်။

နွေဦးဘဏ် (SDB) ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ခေတ်သစ် ဒစ်ဂျစ်တယ် ဘဏ်အဖြစ် တည်ထောင်ထားတာဖြစ်ပြီး မကြာသေးခင် သီတင်းပတ်တွေတုန်းက အစုရှယ်ယာတွေ ရောင်းချထားရာမှာ  ဒီဇင်ဘာ ၂ ရက် အထိ အမေရိကန် ဒေါ်လာ ၁၂ သန်းနီးပါး  ရရှိထားပါတယ်။

Photo - SDB

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013