DVB Logo
Home
မြန်မာသတင်း
စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းပေးသူ ယခင်နှစ်ထက် ၄၀,၀၀၀ ခန့် လျော့နည်း
DVB
·
December 25, 2023
စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းပေးသူ ယခင်နှစ်ထက် ၄၀,၀၀၀ ခန့် လျော့နည်း
Donate to DVB

၂၀၂၄ မတ်လမှာ ကျင်းပမယ့် စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုဖို့ လျှောက်ထားသူဟာ မနှစ်ကထက် ၄၀,၀၀၀ နီးပါးလောက် လျော့နည်းသွားတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုဖို့ လျှောက်ထားသူဟာ ၁၈၀,၀၀၀ နီးပါး ရှိခဲ့ပေမဲ့ ၂၀၂၄ ခုနှစ် မတ်လမှာကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုဖို့ လျှောက်ထားသူကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ၁၄၅,၂၀၀ သာရှိတယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဟာ နိုင်ငံတော်အဆင့် ကျင်းပတဲ့ စာမေးပွဲဖြစ်တဲ့အတွက် အလွန်အရေးကြီးပြီး ပုံမှန်ဆောင်ရွက်နေကြ စာမေးပွဲလုပ်ငန်းဖြစ်ပေမဲ့ KG+12 စနစ်သစ်ပညာရေးရဲ့ ပထမဦးဆုံးစာမေးပွဲ ဖြစ်တာကြောင့် ဆရာ ဆရာမတွေ ကြီးကြပ်နိုင်ဖို့အတွက် ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းပညာရေးမှူးရုံးမှ အရာရှိတဦးက ပြောပါတယ်။

စနစ်သစ်ဖြစ်တာကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးသင်တန်းတွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နေရာသုံးခု ကျင်းပပေးခဲ့ပေမဲ့ သင်တန်းတက်ရောက်တဲ့ ဆရာ ဆရာမတွေကတော့ အမှတ်ပေးစည်းမျဉ်း၊ သင်ရိုးညွှန်းတမ်း လိုအပ်ချက်တွေကို ဆွေးနွေးခွင့် မရခဲ့ကြပါဘူး။

လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ရာဒေသတွေမှာ စာစစ်ဌာန ဖွင့်လှစ်နိုင်ဖို့ မသေချာသေးသလို Grade 12 အတန်းအတွက် ဆရာတဦးကို ဘာသာရပ် ၃ ခုလောက် သင်ပြနေရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ကျောက်ဖြူမြို့နယ်မှ ဆရာမတဦးက ပြောပါတယ်။

အဆိုပါအခြေအနေတွေ ဖြစ်ပေါ်နေတာကို အခက်အခဲရှိရင် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနကို တင်ပြလို့ရတယ်ဆိုပေမဲ့ ဘာတခုမှ ဆောင်ရွက်ပေးတာ မရှိဘူးလို့လည်း Non CDM ဆရာ ဆရာမတွေက ဆိုပါတယ်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းသားကျောင်းသူ ၁၆၀,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၀၀,၀၀၀ ကျော်လောက် အောင်မြင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013