DVB Logo
Home
မြန်မာသတင်း
စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ PDF ရဲဘော်များနှင့် NUG ဝန်ကြီး တွေ့ဆုံ၊ စစ်ဆင်ရေးတိုးမြှင့်ရန် ဆွေးနွေး (ဓာတ်ပုံ)
DVB
·
December 25, 2023
စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ PDF ရဲဘော်များနှင့် NUG ဝန်ကြီး တွေ့ဆုံ၊ စစ်ဆင်ရေးတိုးမြှင့်ရန် ဆွေးနွေး (ဓာတ်ပုံ)
1 / 8
Donate to DVB

NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး၊ ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အဖွဲ့ဝင် ဦးလွင်ကိုလတ်ဟာ စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ စစ်မြေပြင်မှ စစ်ကြောင်းတွေထံ သွားရောက်အားပေးခဲ့ပြီး စစ်ဆင်ရေး တိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေးခဲ့တယ်လို့ PVTV သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဝန်ကြီး ဦးလွင်ကိုလတ်ဟာ စစ်ဒေသတာဝန်ရှိသူတွေ၊ စစ်ကြောင်းမှူးတွေ၊ ရဲဘော်တွေနဲ့ တွေ့ဆုံပြီး ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ အမှာစကားနဲ့ လမ်းညွှန်မှုတွေကို ပြောပြခဲ့သလို ၂၀၂၃ ခုနှစ် စစ်ဆင်ရေးရည်မှန်းချက်တွေ အကောင်အထည်ဖော်မှုကို သုံးသပ်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အခုလို စစ်ဆင်ရေး ဖော်ဆောင်နိုင်မှုတွေနဲ့ တိုးတက်မှုတွေဟာ မဟာမိတ် KNLA ရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ မိမိတို့ PDF စစ်ကြောင်းတွေရဲ့ အမိန့်နာခံမှု၊ တိုက်စွမ်းရည် ပြည့်ဝမှုတို့ကြောင့် အဓိကဖြစ်ကြောင်းနဲ့ မဟာမိတ်ဆက်ဆံရေးဟာ စစ်ကောင်စီ အပြီးသတ်ချေမှုန်းရေးအတွက် အဓိကကျတဲ့ အောင်နိုင်ရေးသော့ချက်ဖြစ်သလို ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေးအတွက်လည်း အရေးကြီးတယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဒါကြောင့် မဟာမိတ်ဆက်ဆံရေး ပိုမိုကောင်းမွန်လာရေးဟာ တော်လှန်ရေးအောင်မြင်မှုနဲ့ တိုက်ရိုက်အချိုးကျတဲ့အတွက် တာဝန်ရှိ ခေါင်းဆောင်တွေကြားထဲမှာတင် မကဘဲ ကွပ်ကဲရေးမှူးတွေနဲ့ ရဲဘော်တွေအကြားမှာပါ အချင်းချင်း ယုံကြည်မှုတွေ တိုးတက်နေအောင် ဆောင်ရွက်ကြဖို့လိုကြောင်း အထူးမှာကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကြောင်းတာဝန်ရှိသူတွေနဲ့ စစ်ဆင်ရေး တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်တွေ၊ NUG အစိုးရက ဖြည့်ဆည်းဆောင်ရွက်ရမယ့် လိုအပ်ချက်တွေကို ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013