DVB Logo
Home
မြန်မာသတင်း
ရန်ကုန်က ဆီဆိုင်များတွင် ဆီကို ပုံးဖြင့်မရောင်းသောကြောင့် မီးစက်သမားများ အခက်တွေ့
DVB
·
December 23, 2023
ရန်ကုန်က ဆီဆိုင်များတွင် ဆီကို ပုံးဖြင့်မရောင်းသောကြောင့် မီးစက်သမားများ အခက်တွေ့
Donate to DVB

ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီကို သံပုံးတွေနဲ့ ဝယ်ယူခွင့် မရတော့တာကြောင့် လျှပ်စစ်မီးပြတ်တောက်နေချိန် မီးစက်နှိုးဖို့အတွက် အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အရင်ကတော့ ဆီကို သံပုံးနဲ့ဝယ်ယူခွင့်ပြုထားခဲ့ပေမဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယပတ်လောက်က စပြီးဝယ်ခွင့်မပေးတော့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့က လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တယောက်က “ဆီဆိုင်တွေမှာက အရင်လို ဆီပုံးတွေနဲ့ သွားဝယ်ရင် မရောင်းပေးတော့ဘူး။ ကားယူသွားပြီး တခါတည်း ဖြည့်ရတာ။ အိမ်ပြန်ရောက်မှ ကားထဲက ဆီကို ပိုက်နဲ့ ပြန်ပြီး စုပ်ထုတ်နေရတယ်။ မီးကလည်း ခဏခဏပြတ်နေတော့ မီးစက်ပဲ အားကိုးရတာပေါ့” လို့ ပြောပါတယ်။

လျှပ်စစ်အပိုပစ္စည်း အရောင်းဆိုင်သမားတွေအနေနဲ့ ဆိုင်ဖွင့်ချိန်ကနေ ဆိုင်ပိတ်ချိန်အထိ လျှပ်စစ်မီး တနေကုန် ပေးထားရတာကြောင့် ဓာတ်ဆီ ဝယ်ယူမရတဲ့အပေါ် အဆင်ပြေသလို လုပ်ဆောင်နေရတဲ့အတွက် အခက်အခဲတွေရှိကြောင်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းမှာ ရန်ကုန် ဆီဆိုင်အများစုမှာ ဆီလုံလုံလောက်လောက်မရှိတော့ပဲ ကားတွေ ပြန်ပြီးတန်းစီနေကြရပြီး ဆီဆိုင်အများစုကတော့ ဆီထုတ်လို့မရတာကြောင့် ယာယီ အရောင်းရပ်ထားတယ်လို့ အငှားယာဉ်မောင်းတွေဆီက သိရပါတယ်။

ဆီလုပ်ငန်းရှင်တယောက်က “လောင်စာဆီ တင်သွင်းရောင်းချဖို့အတွက်  စာရွက်စာတမ်းတွေလည်း စုံနေအောင် လုပ်ရတယ်။ နှစ်စဉ် ဆောင်ရတဲ့ အခွန်တွေကလည်း မနည်းဘူး။ ဆီခွဲတမ်း PO ကိုလည်း ၃ ရက် သက်တမ်းပဲ ပေးထားတာ။ လက်ရှိ ခရိုနီဆိုင်တွေမှာ  ဆီရှိပြီးတော့  အပြင်ကိုတောင် + တွေနဲ့ ထုတ်ရောင်းနေတာ။  ကျနော်တို့လို SME ဆိုင်တွေက သူတို့ဆီကနေတဆင့် ပြန်ဝယ်ရောင်းနေရတော့ ဈေးတွေလည်း  ကြီးကုန်တာပေါ့” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့ ပေါက်ဈေးတွေကတော့ ရန်ကုန်မှာ ၉၂ ဓာတ်ဆီတလီတာ ၂၅၆၀ ကျပ်၊ ၉၅ ဓာတ်ဆီတလီတာ ၂၆၆၀ ကျပ် အထိ စျေးနှုန်းမြင့်တက်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်တာတွေကြောင့် ပုဂ္ဂလိကဘဏ်တွေ၊ လျှပ်စစ်ပစ္စည်းရောင်းချသူတွေ၊ ဖုန်းဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ အပါအဝင် လုပ်ငန်းတော်တော်များများ မီးစက်သုံးစွဲနေကြရတာဖြစ်ပြီး ဓာတ်ဆီ ဝယ်မရတဲ့ အခက်အခဲကိုလည်း ထပ်ကြုံနေရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013