DVB Logo
Home
နိုင်ငံတကာ
အာဂျင်တီးနား သမ္မတသစ်၏  ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ပြည်သူများ ကန့်ကွက်ဆန္ဒပြ
DVB
·
December 23, 2023
အာဂျင်တီးနား သမ္မတသစ်၏  ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ပြည်သူများ ကန့်ကွက်ဆန္ဒပြ
Donate to DVB

အာဂျင်တီးနားနိုင်ငံသား ထောင်ပေါင်းများစွာဟာ သမ္မတသစ်ရဲ့ နိုင်ငံစီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေကို လက်မခံကန့်ကွက်တဲ့အနေနဲ့  အရေးပေါ် အမိန့်ကို ဆန့်ကျင်ရင်း ဒီဇင်ဘာ ၂၁ ရက်က လမ်းတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ 

အားရစရာမရှိတဲ့ စီးပွားရေးကို ကန့်သတ်ထိန်းချုပ်ထားရာကနေ ကင်းလွတ်စေရေး တခြားနည်းလမ်းတွေကို သုံးဖို့နဲ့ ပြည်ပတင်ပို့ကုန် ကန့်သတ်ချက် အဆုံးသတ်ရေး သမ္မတက အရေးပေါ် အမိန့် ထုတ်ခဲ့တာပါ။

ဘွေနော်စေးရီးစ်မြို့မှာ နေသူတွေဟာ အောက်လွှတ်တော် အဆောက်အအုံရှေ့မှာ ဒယ်အိုး ဒန်အိုးတွေကို တီးရင်း ကြေညာချက်ကို မကျေနပ်ကြောင်း ဆန္ဒပြကြွေးကြော်ခဲ့ကြပါတယ်။

ရိုစာရီယို၊ မာဒယ်ပလာတာနဲ့ ကော်ဒိုဘာတို့လို မြို့ကြီးတွေမှာ ဆန္ဒပြနေကြတဲ့ တခြား လူအုပ်ကြီး တွေကလည်း ဒယ်အိုး ဒန်အိုးတွေကို တီးနေတဲ့ ဓာတ်ပုံတွေကို ဒေသတွင်း မီဒီယာတွေက ထုတ်လွှင့်ခဲ့ကြပါတယ်။

သမ္မတသစ် ဂျာဗီယားမီးလေလက်မှတ်ရေးထိုးခဲ့တဲ့ ရှုပ်ထွေးတဲ့ အမိန့်ဟာ လုပ်ဆောင်ချက် ၃၀၀ ကျော်ကို ပြဋ္ဌာန်းထားတာပါ။

ဒီဥပဒေကို ဥပဒေပြုကော်မရှင်ဆီ ပို့ရမှာဖြစ်ပြီး ကော်မရှင်က ဒီအမိန့်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ညီတယ်လို့ ယူဆရင်၊ လွှတ်တော်နှစ်ရပ်လုံးမှာ မဲမရှုံးခဲ့ရင် ဥပဒေက ဆက်ပြီး အသက်ဝင်နေမှာ ဖြစ်ပါတယ်။

စီးပွားရေးအတွက်"ရှော့ခ်ရိုက်တဲ့ ကုထုံး" ကိုသုံးဖို့ ကတိပြုထားတဲ့ သမ္မတက ဒီဆောင်ရွက်ချက်တွေက ဖော်ရွေမှုမရှိပေမဲ့ မက်ခရိုစီးပွားရေး မညီမျှမှုကို ဖြေရှင်းဖို့ လိုတယ်လို့ ပြည်တွင်းမီဒီယာကို ပြောခဲ့ပါတယ်။

အာဂျင်တီးနားနိုင်ငံဟာ စီးပွားရေး ကျဆင်းမှု၊ ရာဂဏန်း ရာခိုင်နှုန်းအထိ နှစ်စဉ် ငွေကြေးဖောင်းပွမှုနဲ့ ဆင်းရဲမွဲတေမှုနှုန်း တိုးလာတာတွေကို ရင်ဆိုင်နေရပါတယ်။ 

Source/Photo-Reuters/AGUSTIN MARCARIAN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013