DVB Logo
Home
နိုင်ငံတကာ
ကလေးတွေအတွက် ခရစ္စမတ်လက်ဆောင် ယူလာပေးတဲ့ ထိုင်းနိုင်ငံက ဆင်တွေ   (ဓာတ်ပုံ) 
DVB
·
December 23, 2023
ကလေးတွေအတွက် ခရစ္စမတ်လက်ဆောင် ယူလာပေးတဲ့ ထိုင်းနိုင်ငံက ဆင်တွေ   (ဓာတ်ပုံ) 
Donate to DVB

ဆန်တာကလော့ ခရစ္စမတ်ဘိုးဘိုးကြီးလို ဝတ်ထားတဲ့ ဆင် ၅ ကောင်ဟာ ဒီဇင်ဘာ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ အယုဒ္ဓယရှေးဟောင်းမြို့တော်က မူလတန်းကျောင်းဆီ လာလည်ခဲ့ပြီး ကလေးတွေအတွက် ခရစ္စမတ်လက်ဆောင်တွေ ယူလာခဲ့လို့ ကျောင်းသားတွေ ပီတိဖြစ်ခဲ့ကြပါတယ်။

ဆင်တွေကို အယုဒ္ဓယမြို့၊ ကျိရာဆတ်ဝစ်ထယာကျောင်းက ကျောင်းသား ၂၀၀၀ က နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပြီး အများစုက သီဆိုကခုန်ခဲ့ကြပါတယ်။

နို့တိုက်သတ္တဝါတွေဖြစ်တဲ့ ဆင်တွေဟာ အရုပ်တွေနဲ့ ပူဖောင်းတွေလို လက်ဆောင်တွေကို ကျောင်းသားတွေဆီ ပေးအပ်ပြီး သူတို့ နှာမောင်းကို ထိနိုင်ဖို့ ကမ်းပေးခဲ့ကြပါတယ်။

ဆင်တွေကို ခရစ္စမတ် အလှဆင်ပစ္စည်းတွေ ဝတ်ပေးခဲ့တာ အနှစ်နှစ်ဆယ်ကြာပြီ ဖြစ်ပြီး ခုတော့ ဆင်တွေဟာ စူပါစတားတွေ ဖြစ်နေပြီလို့ အယုဒ္ဓယဆင်နန်းတော် မန်နေဂျာ အီသီပန်ခါလမိုင်က ပြောပါတယ်။

ခရစ္စမတ်ဝတ်စုံကို ၀တ်ထားတဲ့ ကျောင်းဆရာမ ဆုန်ပုံကာကယောင်းက“ထိုင်းနိုင်ငံမှာဆိုရင် ကမ္ဘာတဝန်းက အခမ်းအနားတွေအားလုံးကို ကျနော်တို့ ပါဝင်ဆင်နွှဲနိုင်ပါတယ်။ ကလေးတွေကို ပျော်စေချင်တယ်။ ကျောင်းလာရတာ ပျော်နေစေချင်တယ်”လို့ ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013