DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် စက်သုံးဆီဈေးနှုန်း မြင့်တက်သဖြင့် ဆိုင်ကယ် ကယ်ရီများ ရပ်နား
DVB
·
December 19, 2023
ပုသိမ်တွင် စက်သုံးဆီဈေးနှုန်း မြင့်တက်သဖြင့် ဆိုင်ကယ် ကယ်ရီများ ရပ်နား
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဓာတ်ဆီ ၁ လီတာဈေးနှုန်းတွေ တစ်နေ့တခြား မြင့်တက်လာပြီး လိုသလောက် ဝယ်မရတဲ့ အခက်အခဲတွေရှိလာလို့ ဆိုင်ကယ် ကယ်ရီဆွဲတဲ့အလုပ်တွေ ရပ်နားနေရတယ်လို့ ဆိုင်ကယ် ကယ်ရီသမားတွေထံက သိရပါတယ်။

ဧရာဝတီတိုင်းမှာ အခြေခံလူတန်းစားအမျိုးသား အများစုဟာ ဆိုင်ကယ် ကယ်ရီဆွဲတဲ့လုပ်ငန်းကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

လက်ရှိ စက်သုံးဆီဈေးတွေ တက်လာတာနဲ့ ဆီဝယ်မရတာတွေကြောင့် ကယ်ရီဆွဲတဲ့ လုပ်ငန်း လုပ်ကိုင်သူ ပျှမ်းမျှ ဦးရေ ၁၀၀၀ လောက်ဟာ လုပ်ငန်းရပ်နားနေရတာ ၃ ပတ်လောက်ရှိနေပြီလို့ ဒေသခံကယ်ရီသမားတွေက ပြောပါတယ်။

ပုသိမ်မြို့က ပုဂ္ဂလိကဆိုင်ကယ်ကယ်ရီအငှားလိုက်လုပ်ငန်း အဖွဲ့ခေါင်းဆောင်တဦးက “အခုက ဆီစျေးက အရမ်းတက်လာတော့ ကယ်ရီဆွဲရတာ အခက်အခဲတွေဖြစ်လာတယ်။ အရင်ပုံမှန် စီးနေကျ ခရီးသည်တွေတောင် ဘတ်စ်ကား ပြောင်းစီးနေကြတာ တွေ့ရတယ်။ ကယ်ရီဆွဲရတာ တရက်နဲ့တရက် လုံးဝ အဆင်မပြေတော့ဘူး။ အဓိက အကြောင်းအရင်းက စက်သုံးဆီဈေး ပြဿနာပါ။ အရင်က ကျပ် ၁၅၀၀ လောက်နဲ့ ပို့ပေးလို့ရတဲ့ ခရီးက အခု ကျပ် ၄၅၀၀ လောက် တောင်းမှ အဆင်ပြေတော့တယ်။ အဲဒီတော့ ခရီးသည်တွေက ဆိုင်ကယ်ကို မစီးကြတော့ဘူး။ ကယ်ရီမဆွဲရတာ သုံးပတ်လောက်ရှိနေပြီ လုံးဝလူမရလို့။ လူမရဘဲ အိမ်အပြင်ထွက်ရင် ဆီဖိုးက ကုန်သေးလို့ နားကိုနေရတာ။ စားဝတ်နေရေးကတော့ နောက်ရက်ဆိုငတ်မှာ သေချာတယ်”လို့ ပြောပါတယ်။

ပုသိမ်မှာ ဆိုင်ကယ်စီးနင်းခွင့်ရှိပေမဲ့ ကိုယ့်မြို့ကနေ တခြားမြို့ကို နယ်ကျော်ကယ်ရီသွားပို့ရင် ဖမ်းဆီးတာတွေရှိလို့ ကြောက်နေရတဲ့အပြင် လက်ရှိ ခရီးဝေးနဲ့ ခရီးတို ပို့တာတွေ တွက်ခြေမကိုက်တော့လို့ အဆင်မပြေတဲ့ကြားက ကယ်ရီဆွဲတာကို ရပ်နားလိုက်ရတာဖြစ်တယ်လို့ ဆိုင်ကယ်ကယ်ရီဆွဲတဲ့ လုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

”အရင်ကဆို ဆီ ၁ လီတာကို ၅၀၀ လောက်ပဲ ရှိခဲ့တာ အမြင့်ဆုံးဆိုမှ ၈၀၀ ပဲရှိတာ။ အခုဟာက ၄၀၀၀ ကျော်ဖြစ်နေပြီ။ အရင်က ဟိုနားဒီနား ၅၀၀။ အရမ်းဝေးမှ ၁၅၀၀၊ ၂၀၀၀ လောက်ပဲ ရတာ။ ဆီဈေးအရမ်းတက်လာတော့ ဟိုနားဒီနား ၅၀၀ ဆို ကျနော်တို့အတွက် လုံးဝမကိုက်ဘူး။ မကိုက်တော့ မလုပ်ဘဲကိုနေရတာ။ ဆီဈေးတက်လို့ စီးခတက်တော့ မစီးကြတော့ဘူး။”

စစ်ကောင်စီရဲ့ စက်သုံးဆီကော်မတီကနေ ဧရာဝတီတိုင်း ပုသိမ်မှာဒီနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့ ရောင်းချရမယ့် စက်သုံးဆီဈေးဟာ 95 ၁ လီတာကို ၂၅၇၅ ကျပ်၊ 92 ၁လီတာကို ၂၄၇၅ ကျပ်လို့စာရွက်ထဲမှာ ဖော်ပြထားပြီး၊ မြေပြင်ဈေးမှာတော့ 95 ၁ လီတာကို ၄၅၀၀ ကျပ် ၊ 92 ၁ လီတာကို ၄၀၀၀ ကျပ်ဈေးပေါက်နေပါတယ်။

ဧရာဝတီတိုင်းမှာ စက်သုံးဆီတွေ လိုသလောက် ဝယ်မရသေးတဲ့ အခက်အခဲနဲ့ ဆီဈေးတက်နေလို့ ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေလည်း ထိခိုက်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013