DVB Logo
Home
နိုင်ငံတကာ
တရုတ်တွင် အင်အား ၆ ဒသမ ၂ ရှိ ငလျင်လှုပ်ပြီး လူ ၁၀၀ ကျော်သေဆုံး
DVB
·
December 19, 2023
တရုတ်တွင် အင်အား ၆ ဒသမ ၂ ရှိ ငလျင်လှုပ်ပြီး လူ ၁၀၀ ကျော်သေဆုံး
Donate to DVB

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ကန်စုပြည်နယ်က လင်းန်ရှားဟွေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုရှိ ကျီရှိရှန်းကောင်တီမှာ ရစ်ခ်ျတာစကေး ၆ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၁၁ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ ၁၉ ရက်မှာ ကြေညာပါတယ်။

ချင်းဟိုင်း-တိဘက် ကုန်းပြင်မြင့်ရဲ့ မြောက်ပိုင်းအစွန်းမှာ ဒီဇင်ဘာ ၁၈ ရက်နေ့ ၂၃ နာရီ ၅၉ မိနစ်က မြေပြင်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ငလျင်လှုပ်သွားတာလို့ တရုတ်ငလျင် ကွန်ရက်စင်တာ (CENC) က ပြောကြားခဲ့ပါတယ်။

ငလျင်ကြောင့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်စုပြည်နယ်နဲ့ ချင်းဟိုင်းပြည်နယ်တို့ရှိ ကျေးလက်ဒေသတွေမှာ နေအိမ်တွေနဲ့ အဆောက်အဦတွေ ပြိုကျပျက်စီးခဲ့တယ်လို့လည်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

ဒေသရဲ့ အမြင့်ပေနဲ့ ရာသီဥတုအေးတာတွေကြောင့် ငလျင်လှုပ်ခတ်တာအပြင် နောက်ဆက်တွဲ ဘေးအန္တရာယ်တွေကို ကာကွယ်ဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေရပြီး လမ်းတွေနဲ့ အဆောက်အဦတွေပေါ်မှာ ရွှံ့တွေ ပြိုကျဖုံးလွှမ်းနေပါတယ်။

တရုတ်နိုင်ငံတော်ကောင်စီရဲ့ မြေငလျင်ကယ်ဆယ်ရေး ဌာနချုပ်ဟာ အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနနဲ့အတူ ငလျင်အရေးပေါ်တုံ့ပြန်မှု အဆင့် ၂ မှ အဆင့် ၃ ကို မြှင့်တင်ခဲ့ပြီး ငလျင်ဒဏ်သင့်ဒေသတွေဆီ အလုပ်အဖွဲ့တဖွဲ့ စေလွှတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ လျှော့ချရေးနဲ့ ကယ်ဆယ်ရေးအတွက် အမျိုးသားကော်မရှင်နဲ့ အရေးပေါ်စီမံခန့်ခွဲမှု ဝန်ကြီးဌာနတို့ဟာ ဒီနေ့ မနက်မှာ သဘာဝဘေးကယ်ဆယ်ရေး အရေးပေါ်တုံ့ပြန်မှုကို အဆင့် ၃ မှ အဆင့် ၄ ကို အဆင့်မြှင့်တင်ခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013