DVB Logo
Home
နိုင်ငံတကာ
အိုက်စလန်တွင် ငလျင်များလှုပ်ခတ်ပြီးနောက် မီးတောင်ပေါက်ကွဲ
DVB
·
December 19, 2023
အိုက်စလန်တွင် ငလျင်များလှုပ်ခတ်ပြီးနောက် မီးတောင်ပေါက်ကွဲ
Donate to DVB

အိုက်စလန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ပြင်းထန်တဲ့ငလျင်တွေ သီတင်းပတ်ချီ လှုပ်ခတ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၈ ရက် နှောင်းပိုင်းက မီးတောင်တလုံး ပေါက်ကွဲခဲ့ကြောင်း နိုင်ငံရဲ့ မိုးလေဝသဌာနက ပြောကြားလိုက်ပြီး အနီးနားရှိ မြို့တမြို့ကို ခြိမ်းခြောက်နေတယ်လို့လည်း ဆိုပါတယ်။

“GPS ကိရိယာတွေရဲ့ တိုင်းတာမှုတွေနဲ့အတူ ငလျင်လှုပ်ခတ်မှုကြောင့် မဂ္ဂမာ ချော်ရည်ပူတွေဟာ အနောက်တောင်ဘက်ကို ရွေ့လျားနေပြီး မီးတောင်ပေါက်ကွဲမှုဟာ ဂရင်ဒါဗိက်မြို့ဘက်ကို ဆက်လက်ဦးတည်နိုင်တယ်” လို့ မိုးလေဝသရုံးက ပြောပါတယ်။

မြေမျက်နှာပြင်ရှိ အက်ကွဲကြောင်းဟာ ၃ ဒသမ ၅ ကီလိုမီတာလောက် ရှည်လျားပြီး မြန်မြန်ဆန်ဆန် ကြီးထွားလာခဲ့ကြောင်းလည်း ဆိုပါတယ်။

ချော်ရည်တွေဟာ တစက္ကန့်ကို ၁၀၀ ကုဗမီတာမှ ၂၀၀ ကုဗမီတာလောက်ထိ ထွက်ပေါ်လာပြီး အဲဒီဒေသမှာ အရင်ကဖြစ်ဖူးတဲ့ ပေါက်ကွဲမှုတွေထက် အဆများစွာ ပိုများကြောင်း မိုးလေဝသရုံးကနေ သိရပါတယ်။

ရေ့ကနာ့စ်ကျွန်းဆွယ်မှာ သိသာထင်ရှားတဲ့ ကပ်ဘေးကြီး ကြုံရမှာကို ကြောက်ရွံ့နေကြတာကြောင့် အာဏာပိုင်တွေဟာ တံငါမြို့ဖြစ်တဲ့ ဂရင်ဒါဗိခ်မှာ နေထိုင်သူ ၄,၀၀၀ နီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ပြီး အနီးနားရှိ ရေပြာအိုင် ရေပူစမ်းကိုလည်း ပိတ်ထားခဲ့ပါတယ်။

အိုက်စလန်ရဲ့မြို့တော် ရေ့က်-ယာ-ဗိက်ရဲ့ အနီးတဝိုက်ရှိ ကေဖလာဗိက် နိုင်ငံတကာလေဆိပ်ဟာ ဆိုက်ရောက်နဲ့ ထွက်ခွာ နှစ်ခုစလုံးအတွက် ကြန့်ကြာမှုတွေ အများအပြား ရှိပေမဲ့လည်း လေဆိပ်ကိုတော့ ဖွင့်ထားဆဲဖြစ်ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013