
မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာပြီးကတည်းက စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ကျေနပ်အားရမှု မရှိကြောင်း ဂိုးသမားနားနားက ဝန်ခံပြောပါတယ်။
ကင်မရွန်းဂိုးသမားဟာ တချို့ပွဲစဉ်တွေမှာ အမှားတွေပြုလုပ်ခဲ့တာကြောင့် သူ့ရဲ့ လက်စွမ်းအပေါ် ဝေဖန်မှုတွေရှိလာခဲ့တာပါ။
မနေ့ညက ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာတော့ မန်ယူအသင်းဟာ ဂိုးမပေးခဲ့ရပဲ ဂိုးမရှိ သရေကျသွားခဲ့တာပါ။
မန်ယူနိုက်တက်အသင်းမှာပြသခဲ့တဲ့ စွမ်းဆာင်ရည်အပေါ် ကျေနပ်အားရမှုမရှိကြောင်း၊ ခုထက်ပိုပြီး စွမ်းဆောင်ရည်ကောင်းပြသနိုင်ကြောင်း အိုနားနားကပြောပါတယ်။
“ချန်ပီယံလိဂ်မှာ အကောင်းဆုံးဂိုးသမားဆုရရှိခဲ့သူက ကမ္ဘာ့အဆိုးဆုံး ဂိုးသမား ဖြစ်မသွားနိုင်ပါဘူး။ အရာရာတိုင်းက ခဏတာပါပဲ။ တချိန်မှာ အဆင်ပြေလာလိမ့်မယ်လို့ ထင်ပါတယ်။ ဒီနေ့မဟုတ်ရင်တောင် မနက်ဖြန်၊ မနက်ဖြန်မဟုတ်ရင်တောင် နောက်တစ်နေ့ပေါ့” လို့ အိုနားနားက ပြောပါတယ်။
အိုနားနားဟာ မန်ယူအသင်းဆီ မပြောင်းရွှေ့ခင်က အင်တာမီလန်နဲ့ အတူ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လက်စွမ်းပြသနိုင်ခဲ့ပြီ အကောင်းဆုံးဂိုးသမားဆုရရှိခဲ့ပေမဲ့ မန်ယူအသင်းမှာတော့ ရုန်းကန် နေရတာ ဖြစ်ပါတယ်။
Photo - Reuters










