DVB Logo
Home
အားကစား
ဘရာဇီးလ်တိုက်စစ်မှူး အန်ဒရစ်  ရီးရဲလ်မက်ဒရစ်အသင်းသားများနှင့် တွေ့ဆုံ 
DVB
·
December 18, 2023
ဘရာဇီးလ်တိုက်စစ်မှူး အန်ဒရစ်  ရီးရဲလ်မက်ဒရစ်အသင်းသားများနှင့် တွေ့ဆုံ 
Donate to DVB

ဘရာဇီးလ်ဆယ်ကျော်သက် တိုက်စစ်မှူး အန်ဒရစ်ဟာ ဒီဇင်ဘာလ ၁၆ ရက်က စပိန်နိုင်ငံကိုသွားရောက်ပြီး ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီအပါအဝင် သူ့ရဲ့ အနာဂတ် အသင်းဖော်တွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ စည်းမျဉ်းများအရ အသက်မပြည့်သေးတဲ့ ကစားသမားတွေကို ပြည်ပထွက် ကစားတာကို တားမြစ်ထားလို့ သူဟာ လာမယ့်နှစ် ဇူလိုင်လ အသက် ၁၈ နှစ်ပြည့်ချိန်ကျမှ ဘရာဇီးကလပ် ပါးလ်မီးရပ်စ်ကနေ စပိန်ကလပ် ရီးရဲမက်ဒရစ်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဥရောပထိပ်တန်းကလပ်တွေကို ကျော်ဖြတ်ကာ အန်ဒရစ်ကို ယူရိုသန်း ၇၀ နဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တာပါ။

သူဟာ ပြီးခဲ့တဲ့နို၀င်ဘာလက ကိုလံဘီယာနဲ့ အဝေးကွင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဘရာဇီးလ် အသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့် ရခဲ့ပါတယ်။ 

Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013