DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းတွင် စက်သုံးဆီ ဝယ်ယူရခက်ခဲသဖြင့် ပရဟိတအသင်းများ ရပ်နားထား
DVB
·
December 17, 2023
ပဲခူးတိုင်းတွင် စက်သုံးဆီ ဝယ်ယူရခက်ခဲသဖြင့် ပရဟိတအသင်းများ ရပ်နားထား
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်နဲ့ သာယာဝတီခရိုင်အတွင်း စက်သုံးဆီ ဝယ်ယူဖို့ ခက်ခဲတာကြောင့် လူမှုကူညီရေးအသင်းတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားထားရတယ်လို့ ပရဟိတအသင်းအဖွဲ့တွေဆီက သိရပါတယ်။

စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားငွေကြီးကြပ်မှုကော်မတီက ဒီဇင်ဘာ ၅ ရက်မှာ လုပ်ငန်းရှင်တေါကို ဗဟိုဘဏ်သတ်မှတ်ဈေး ကျက် ၂၁၀၀ နဲ့ ဒေါ်လာ လဲပေးခြင်းမရှိတော့ဘဲ ပြင်ပပေါက်ဈေးအတိုင်းသာ သတ်မှတ်ခဲ့တာကြောင့် စက်သုံးဆီဈေးနှုန်းမြင့်တက်ခဲ့ပြီး ပြည်တွင်းဝင်ရောက်မှုမရှိတော့တဲ့အတွက် စက်သုံးဆီအသုံးပြု လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။

ပြည်မြို့ ပရဟိတအဖွဲ့ဝင်တဦးက "ဆီက အသင်းအဖွဲ့တွေအပါအဝင် အားလုံး တန်းစီစနစ်နဲ့ပဲ ဝယ်ကြရတာ။ ရောင်းတော့လည်း သတ်မှတ်ချက်နဲ့ဆိုတော့ နယ်ဝေးဆေးရုံပြောင်းတွေကို ကူညီပြီးပို့ပေးဖို့ အဆင်မပြေဘူး။ လူနာရှင်တွေဘက်က ဆီရှာပေးမယ်ဆိုရင် ပို့ပေးတာမျိုးတော့ ရှိတယ်။ နာရေးကိစ္စတွေအတွက်ပဲ ဆီကိုချန်ထားရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လူမှုကူညီရေးအသင်းအဖွဲ့တွေဟာ စက်သုံးဆီဈေး မြင့်တက်မှုနဲ့ ဝယ်ယူဖို့ ခက်ခဲတာကြောင့် ဆေးရုံပြောင်းလူနာတွေနဲ့ အရေးပေါ်လူနာလမ်းကြောင်းတွေကို ရပ်နားထားပြီး ဆေးရုံမှာသေဆုံးသူတေါကို နေအိမ်ပြန်ပို့ပေးတာနဲ့ မီးသင်္ဂြိုဟ်ဖို့ သင်္ဂြိုဟ်စက်ကို ပို့ပေးရသော ကူညီမှတွေသာ လုပ်ဆောင်နိုင်တော့တယ်လို့ သိရပါတယ်။

သာယာဝတီမြို့နယ် ပရဟိတအဖွဲ့ဝင် တဦးက "လူနာတင်ယာဉ် တစီးကို သုံးသောင်းဖိုးပဲ ရောင်းပေးတာ။ သူတို့ရောင်းပေးသလောက်နဲ့ ဘာမှလုပ်လို့မရဘူး။ လူနာကြီးနဲ့လမ်း ဆီပြတ်သွားရင်ပိုဆိုးမှာ။ ဆီဝယ်မရလို့ ငြင်းလိုက်ရတာများလို့ ပိတ်ထားလိုက်တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်ခရိုင်နဲ့ သာယာဝတီခရိုင်အတွင်း လူမှုကူညီရေးအသင်း ၆၀ ကျော်ရှိပြီး အဲ့ဒီထဲကမှ အရေးပေါ်လူနာတွေကို ကူညီကယ်ဆယ်သော ပရဟိတအသင်း ၃၀ ထက်မနည်း ရပ်နားထားပြီး နာရေးကူညီမှုအသင်းတွေကသာ ဆက်လက်ကူညီလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

အခုလို ကယ်ဆယ်ရေးအသင်းတွေ ရပ်နားထားရတာကြောင့် ဆေးရုံပြောင်းလူနာတွေနဲ့ ဆေးရုံဆင်းလူနာတေါ အခင်အခဲကြုံနေကြရတယ်လို့ လူနာရှင်မိသားစုတွေဆီက သိရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းအတွင်းရှိ အကြောင်းအမျိုးကြောင့် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိသူတွေနဲ့ နာတာရှည်ရောဂါကုသရမယ့်သူတွေက ရန်ကုန်မြို့ဆေးရုံအချို့မှာ တက်ရောက်ကုသနေကြပြီး ဆေးရုံပြောင်းရာမှာ ပရဟိတအသင်းအဖွဲ့တွေရဲ့ လူနာတင်ယာဉ်ကိုသာ အသုံးပြုနေရတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းအတွင်းမှာ စက်သုံးဆီဈေး 92 ၁လီတာ ၂၅၀၅ ကျပ်၊ 95 ၁လီတာ ၂၆၁၅ ကျပ်၊ ဒီဇယ် ၁ လီတာ ၂၂၅၀ ကျပ်၊ ပရီမီယံဒီဇယ် ၁ လီတာ ၂၃၁၀ ကျပ်နဲ့ ကား ၁ စီး ၃၀၀၀၀ ကျပ်၊ သုံးဘီးဆိုင်ကယ် ၁ စီး ၁၂၀၀၀ကျပ်၊ ဆိုင်ကယ် ၁စီးကို ၅၀၀၀ ကျပ်ဖိုး တန်းစီစနစ်နဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။

စက်သုံးဆီ ပြင်ပပေါက်ဈေးမှာလည်း မြင့်တက်နေပြီး 92 ဓာတ်ဆီနဲ့ရိုးရိုးဒီဇယ် ၁ လီတာ ၄၀၀၀ ကျပ်အထက်ရှိပြီး 95 ဓာတ်ဆီနဲ့ ပရီမီယံဒီဇယ်ကိုတော့ ‌ရောင်းချခြင်းမရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013