DVB Logo
Home
နိုင်ငံတကာ
မီးသွေးခဲထဲ ဝှက်ထားသည့် ကိုကင်း ၂ တန်ကျော် ကိုလံဘီယာဆိပ်ကမ်း၌ ဖမ်းမိ
DVB
·
December 16, 2023
မီးသွေးခဲထဲ ဝှက်ထားသည့် ကိုကင်း ၂ တန်ကျော် ကိုလံဘီယာဆိပ်ကမ်း၌ ဖမ်းမိ
Donate to DVB

ကိုလံဘီယာဆိပ်ကမ်း ဘာရန်ကီလာမှာ မီးသွေးခဲတွေလိုမျိုး အသွင်ဆောင်ထားတဲ့ ကိုကင်း ၂ တန်ကျော်ကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း အာဏာပိုင်တွေက ဒီဇင်ဘာ ၁၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ထောက်လှမ်းရေးသတင်းတွေအရ ဘာရန်ကီလာ ဆိပ်ကမ်းမှာ နိုဝင်ဘာ ၃၀ ရက်က တွေ့ရှိခဲ့တဲ့ သင်္ဘောတင်ပို့မှုရဲ့ နောက်ကွယ်မှာ Clan del Golfo ပင်လယ်ကွေ့ဂိုဏ်း ရှိနေတယ်လို့ သိရပါတယ်။ 

မှောင်ခိုသမားတွေဟာ ဥရောပအတွက် ရည်ရွယ်ထားတဲ့ မူးယစ်ဆေးဝါးတွေကို မီးသွေးခဲတွေထဲမှာ ရောထည့်ပြီး ဝှက်ထားခဲ့တာပါ။ 

“ပင်လယ်ကွေ့ဂိုဏ်းဟာ ကိုကင်း ၂,၄၅၃ ကီလိုဂရမ် (၅,၄၀၇ ပေါင်) ကို ဥရောပ၊ ဘယ်လ်ဂျီယံကို ပြောင်းရွှေ့ထားဖို့ ရည်ရွယ်ထားတာဖြစ်ကြောင်း သိရတယ်” လို့ အမျိုးသားရဲတပ်ဖွဲ့ ညွန်ကြားရေးမှူး ဗိုလ်ချုပ် ဝီလျံ ဆာလာမန်ကာ က ပြောပါတယ်။ 

မူးယစ်ဆေးဝါးတွေရဲ့ ခန့်မှန်း စျေးကွက်တန်ဖိုးမှာ ယူရို ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁၀.၈ သန်း) ကျော်ရှိကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ဥရောပဈေးကွက်မှာတော့ ကိန်းဂဏန်းက အများကြီးပိုမြင့်နိုင်ကြောင်းနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုမှာ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ကြောင်းလည်း ဗိုလ်ချုပ် ဆာလာမန်ကာ က ပြောဆိုပါတယ်။ 

၂၀၂၃ ခုနှစ်မှာ ကော်ဖီ၊ သစ်သီးဝလံနဲ့ စည်သွပ်ဘူး စတဲ့ ပစ္စည်းတွေနဲ့ ရောနှောထည့်ထားတဲ့ တရားမဝင်ပစ္စည်းတွေ ဖမ်းဆီးရမိမှု ၂၃ မှု ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013