DVB Logo
Home
နိုင်ငံတကာ
အသံထက်မြန် ကိုယ်ပျောက်တိုက်လေယာဉ်တည်ဆောက်ရန် ဗြိတိန်၊ ဂျပန်နှင့် အီတလီ စာချုပ်
DVB
·
December 15, 2023
အသံထက်မြန် ကိုယ်ပျောက်တိုက်လေယာဉ်တည်ဆောက်ရန် ဗြိတိန်၊ ဂျပန်နှင့် အီတလီ စာချုပ်
Donate to DVB

ဗြိတိန်၊ ဂျပန်နဲ့ အီတလီတို့ဟာ အသံထက်မြန်တဲ့ အဆင့်မြင့် ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်တွေကို တီထွင်ထုတ်လုပ်ဖို့ ရည်ရွယ်ထားတဲ့ အစီအစဉ်တရပ်ကို လုပ်ဆောင်ဖို့ နိုင်ငံတကာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သုံးနိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေက ဒီဇင်ဘာ ၁၄ ရက်မှာ ကြေညာပါတယ်။ 

အဲဒီသဘောတူညီချက်ကို သက်ဆိုင်ရာနိုင်ငံတွေရဲ့ ပါလီမန်လွှတ်တော် အသီးသီးက အတည်ပြုပေးရမှာဖြစ်ပြီး ၂၀၂၃၅ ခုနှစ်မှာ ပျံသန်းနေမယ့် တိုက်ခိုက်ရေး လေယာဉ်‌ကို ကြည့်မြင်ရဖို့ ရည်ရွယ်ထားပါတယ်။ 

ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက်ရေးလေကြောင်း အစီအစဉ် (GCAP) ရဲ့ ပူးတွဲအစိုးရရုံးချုပ်နဲ့ သူ့ရဲ့ စက်မှုလုပ်ငန်းဌာနချုပ်တို့ဟာ ဗြိတိန်မှာ အခြေစိုက်မှာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့အစည်းရဲ့ ပထမဆုံး အမှုဆောင်အရာရှိချုပ်ဟာ ဂျပန်နိုင်ငံမှ လာရောက်မှာဖြစ်ပြီး စီးပွားရေးအဖွဲ့အစည်းရဲ့ ပထမဆုံးခေါင်းဆောင်ကတော့ အီတလီနိုင်ငံမှ ဖြစ်လိမ့်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အသံထက်မြန်တဲ့ ကိုယ်ပျောက် ဂျက်လေယာဉ်မှာ လက်ရှိစနစ်တွေထက် အဆ တသောင်း ဒေတာ ပိုစွမ်းဆောင်နိုင်တဲ့ ရေဒါတခု ပါရှိမယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။ 

ဂျပန်ကာကွယ်ရေးဝန်ကြီး မီနိုရူ ခိဟာရာက “နိုင်ငံတနိုင်ငံအတွက် ခေတ်မီပြီး စွမ်းဆောင်ရည်မြင့် တိုက်လေယာဉ်တစင်းအတွက် လိုအပ်တဲ့ နည်းပညာနဲ့ ဘဏ္ဍာငွေတွေ ထောက်ပံ့ပေးရာမှာ သိသာထင်ရှားတဲ့ စွန့်စားရမှုတွေ ရှိနေတာ ဖြစ်ပြီးတော့ ဒါနဲ့ပတ်သက်ပြီးတော့ (GCAP) အစီအစဉ်က ဂျပန်၊ ဗြိတိန်နဲ့ အီတလီတို့က မဟာမိတ်နိုင်ငံတွေကို ဒီသာလွန်ကောင်းမွန်တဲ့ နည်းပညာကို အသုံးပြုပြီး ကုန်ကျစရိတ်နဲ့ အန္တရာယ်တွေကို မျှဝေခွင့်ပြုထားပါတယ်”လို့ ပြောပါတယ်။

အီတလီ ကာကွယ်ရေးဝန်ကြီး ဂွီဒို ခရော့ဆက်တိုက“ဒါဟာ သိသာထင်ရှားတဲ့ ပထဝီဝင် ပူးပေါင်းဆောင်ရွက်မှုအတွက် ပရောဂျက်တခုဖြစ်ပြီးတော့ ကမ္ဘာကြီးက ပြောင်းလဲနေပြီး ပိုသေးငယ်လာတယ်ဆိုတဲ့အချက်ကို ကိုယ်စားပြုကာ နိုင်ငံတခုချင်းစီရဲ့ လုံခြုံရေးကလည်း ကိုယ့်နိုင်ငံနဲ့ ဝေးကွာတဲ့ နယ်မြေတွေမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံတွေအပေါ်လည်း မူတည်နေပြီ” လို့ ပြောပါတယ်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့်ထ် ရှက်ပ်စ်က “ဥရောပကနေ အင်ဒို-ပစိဖိတ်ဒေသအထိ အန္တရာယ်တွေနဲ့ ပြဿနာတွေကို အားလုံး ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ကြတာကြောင့် ကျနော်တို့ရဲ့ ကောင်းကင်ပြင် လုံခြုံရေးအတွက် ဒီအမျိုးအစားကို ထုတ်လုပ်ဖို့ဟာ  နိုင်ငံတွေတဝန်း အတူတကွ ပူးပေါင်းလုပ်ဆောင်ကြဖို့ အလွန်ကို အရေးကြီးတယ်”လို့ ပြောပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013