DVB Logo
Home
မြန်မာသတင်း
လယ် ၁၀ ဧကအထက်ပိုင် တောင်သူများကို ၁ ဧကလျှင် ကျပ် ၄ သိန်းနှုန်း ထုတ်ချေးရန် စီစဥ်နေ 
DVB
·
December 15, 2023
လယ် ၁၀ ဧကအထက်ပိုင် တောင်သူများကို ၁ ဧကလျှင် ကျပ် ၄ သိန်းနှုန်း ထုတ်ချေးရန် စီစဥ်နေ 
Donate to DVB

လယ်မြေ ၁၀ ဧကအထက်ပိုင်ဆိုင်တဲ့ တောင်သူကြီး‌တွေအတွက် တဧကကို ကျပ် ၄ သိန်းအထိ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးနိုင်ရေး စီစဉ်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က သိရပါတယ်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေ‌တွေကို  ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ နဲ့ နေပြည်တော်ကောင်စီနယ်မြေတို့က   တောင်သူကြီးတွေအတွက် လက်ရှိနွေစပါးစိုက်ပျိုးရာသီမှာ ကာလတို ချေးငွေအဖြစ်နဲ့ ထုတ်ချေးနိုင်ရေးဆောင်ရွက်နေတာဖြစ်ပြီး စမ်းသပ်ကာလအဖြစ် ဧကစုစုပေါင်း ၁ သိန်းအထိ ထုတ်ချေးသွားမယ်လို့ အသင်းချုပ်က  ဒီဇင်ဘာ ၁၄ ရက်က ထုတ်ပြန်ထားတာပါ။

အဲဒီ ချေးငွေအစီအစဉ်က  ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊  ပုဂ္ဂလိကဘဏ်တို့နဲ့ ချိတ်ဆက်ညှိနှိုင်းကာ  ချေးငွေထုတ်ချေး‌ပေးနိုင်ဖို့  လုပ်ဆောင်နေတယ်လို့ အသင်းချုပ်က ဆိုပါတယ်။ 

ချေးငွေရယူလိုတဲ့ တောင်သူကြီးတွေအနေနဲ့  ပုံစံ ၇ ကို အာမခံအဖြစ် ပေးသွင်းရမယ်လို့လည်း ဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်းမတည်ငြိမ်မှုတွေနဲ့ စိုက်ပျိုးရေးသွင်းအားစု ဈေးကြီးမြင့်တာတွေကြောင့် တောင်သူတွေက စပါးကိုဧကပြည့်စိုက်ပျိုးနိုင်ခြင်း မရှိခဲ့သလို မိုးစပါးပေါ်ချိန်မှာ စိုက်ခင်းတွေ ရေကြီးနစ်မြှပ်ပြီး ဆုံးရှုံးခဲ့တဲ့ အခြေအနေတွေကြောင့်လည်း အရင်နှစ်တွေထက် ဆန်အထွက်နှုန်း လျော့ကျနိုင်ခြေ ရှိနေပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကတော့ ပြည်တွင်းဆန်ဖူလှုံမူက လုံလောက်တာထက် ပိုလျှံမူ ရှိနေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပဆန်နဲ့ ဆန်ကွဲပို့မှုကတော့ အခုလပိုင်းတွေအတွင်း ပြန်အားကောင်းလာပေမဲ့ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဥ်ကြည့်ရင်တော့ ၅၀ ရာခိုင်နှုန်းဝန်းကျင်ထိ လျော့နည်းနေပါသေးတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ အခုဘဏ္ဍာနှစ် ၈ လအတွင်း ပြည်ပကို ဆန်နဲ့ ဆန်ကွဲတန်ချိန် ၇ သိန်းခွဲကျော်သာ တင်ပို့နိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် ကာလတူမှာ ၁ ဒသမ ၄ သန်းကျော်ထိ တင်ပို့ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013