DVB Logo
Home
အားကစား
ချန်ပီယံလိဂ်က ထွက်ခဲ့ရသည့် မန်ယူအသင်း ပေါင် ၂၈ သန်း ထိခိုက်
DVB
·
December 14, 2023
ချန်ပီယံလိဂ်က ထွက်ခဲ့ရသည့် မန်ယူအသင်း ပေါင် ၂၈ သန်း ထိခိုက်
Donate to DVB

ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ မန်ယူအသင်းဟာ အပြောင်းအရွှေ့ဘတ်ဂျက်အတွက် ပေါင် ၂၈ သန်း ထိခိုက်နစ်နာသွားပါတယ်။

မန်ယူအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအောက်ဆုံးနေရာမှာသာ ရပ်တည်နိုင်ခဲ့လို့ ယူရိုပါလိဂ်ပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်ခွင့်လည်း ဆုံးရှုံးခဲ့တာပါ။

ဒီအခြေအနေကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူရေးမှာ ဘတ်ဂျက် လျော့နည်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ တစ်ပွဲအနိုင်ရမယ်ဆိုရင် ပေါင် ၂ ဒသမ ၈သန်းရရှိပြီး သရေပွဲဆိုရင် ပေါင် ၈ သိန်း၊ ၁၆ သင်းအဆင့် တက်မယ်ဆိုရင် ပေါင် ၈ ဒသမ ၃သန်း စသဖြင့် အသီးသီး ရရှိကြတာပါ။

လာမယ့် ဇန်နဝါရီမှာ ဂျေဒန်ဆန်ချိုနဲ့ ဗန်ဒီဘိခ်တို့ကို အငှားချသွားဖို့ရှိပြီး အသင်းရှိကစား သမားတွေကိုပါ ရောင်းချသွားဖို့ရှိတယ်လို့ အသင်းနဲ့သက်ဆိုင်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြကြပါတယ်။

မန်ယူအသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ကိုက်ညီဖို့အတွက် မာစီယယ်၊ ဗာရန်းနဲ့ ကတ်စမီရိုတို့ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ရောင်းချရနိုင်တယ်လို့လည်း သိရပါတယ်။

Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013