DVB Logo
Home
မြန်မာသတင်း
ဆူးလေမြို့‌တော်ခန်းမရှေ့ ၌ တပ်ထောက်ခံသူများက အရှေ့တီမောသမ္မတကို ဆန္ဒပြ
DVB
·
December 13, 2023
ဆူးလေမြို့‌တော်ခန်းမရှေ့ ၌ တပ်ထောက်ခံသူများက အရှေ့တီမောသမ္မတကို ဆန္ဒပြ
Donate to DVB

စစ်တပ် ထောက်ခံသူတွေဟာ ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီလောက်က ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ မြို့‌တော်ခန်းမနဲ့ ဆူးလေပန်းခြံ‌အရှေ့မှာ အရှေ့တီမောသမ္မတကို   ဆန္ဒပြ ခဲ့ကြပါတယ်။

‘အကြမ်းဖက်အားပေး ‌တီမောသမ္မတ အလိုမရှိ၊ ပြည်တွင်းရေးစွက်ဖက်သူ ဒို့ရန်သူ၊ သာသနာဖျက်အားပေး တီမော အလိုမရှိ’ စတဲ့ စာသားပါ ဆိုင်းဘုတ်တွေနဲ့ ကိုင်စွဲ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

လူရာနဲ့ချီပါဝင်တဲ့ ဆန္ဒပြပွဲကို ဦးဆောင်ဟောပြောခဲ့တဲ့ မဘသ ဘုန်းကြီး ၁ ပါး၊ မဘသရှေ့နေ ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့က အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တီမောနိုင်ငံသမ္မတကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့တာကြတာဖြစ်ပြီး စစ်ကောင်စီရဲတွေက လုံခြုံရေး အပြည့်ယူပေးနေတာ တွေ့ရပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်လွှင့်‌ဖော်ပြခဲ့တဲ့ တီမောလက်စတေးနိုင်ငံသမ္မတ ဟိုဆေးရာမို့စ်ဟော်တာရဲ့ မြန်မာစစ်တပ် အရာရှိစစ်သည်တွေ ပြည်သူနဲ့ပူးပေါင်း အလင်းဝင်ဖို့ တိုက်တွန်းပြောကြားချက် ထွက်ပေါ်လာပြီးနောက် အခုလို  စစ်တပ်ထောက်ပံ့ပေးထားသူတွေက  ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီဆန္ဒပြပွဲကို လာရောက်သူတွေဟာ ရန်ကုန်တိုင်း လှည်းကူး၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်နဲ့ သာကေတ၊ ဒေါပုံ စတဲ့ မြို့နယ်တို့က စစ်ကောင်စီထောက်ခံတဲ့ မဘသ ဘုန်းကြီးတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ခံတဦးက “နေ့လယ် ၂ နာရီလောက်ကနေ ညနေ ၄ နာရီလောက်အထိ ကားရပ်နားကွင်းမှာ တွေ့ရတယ်။ ကားတွေနဲ့ လာတာ။ လှည့်ပြီး လိုက်ပြတာတော့ မတွေ့ဘူး။ မိန်းမတွေရော ဘုန်းကြီးတွေရော ပါတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ NUG အစိုးရနဲ့ သံတမန်ရေးအရ ရင်းနှီးတဲ့ တီမောနိုင်ငံကို ပြီးခဲ့တဲ့ ၂၀၂၃ ဩဂုတ်အတွင်းက သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ဖူးသလို ဒီရက်ပိုင်းထုတ် သတင်းစာတွေကနေလည်း တီမောနိုင်ငံကို ဝေဖန်တိုက်ခိုက် ရေးသားနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013