DVB Logo
Home
မြန်မာသတင်း
ဆူးလေရှန်ဂရီလာဟိုတယ် ဖွင့်ပြီး ၇ လကြာသည်အထိ တည်းခိုသူ နည်းပါးနေသဖြင့် ဈေးလျှော့ပေး
DVB
·
August 10, 2026
Photo : စုလေး
Photo : စုလေး
Donate to DVB

ဆူးလေရှန်ဂရီလာဟိုတယ် ပြန်ဖွင့်ပြီး ၇ လကြာတဲ့အထိ တည်းခိုသူမရှိသလောက် ဖြစ်တာကြောင့် ဈေးလျှော့ပေးထားရတယ်လို့ ဟိုတယ်ဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရှန်ဂရီလာဟိုတယ်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလကစပြီး ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ဟိုတယ်ဝန်ထမ်းတယောက်က “ပြန်ပြင်ဆင်မှုတွေ လုပ်ပြီးတော့ ပြန်ဖွင့်တာပါ။ ဝန်ထမ်းအားလုံးကိုတော့ ပြန်မခေါ်နိုင်သေးဘူး။ ၅၀ ရာခိုင်နှုန်းလောက်ပဲ ပြန်ခေါ်ထားတယ်။ အရင် ဟိုတယ်မှာရရှိတဲ့ ဝန်ဆောင်မှုတွေအကုန်လုံးကို ပြန်ရနေပါပြီ။ ဖွင့်ထားတာတော့ ကြာပြီ။ တည်းတဲ့လူ သိပ်မရှိတာ။ ဈေးတွေ လျှော့ပေးထားရတယ်” လို့ ပြောပါတယ်။

၂၀၂၅ ခုနှစ်တုန်းက အဆောက်အအုံ တခုလုံးကို ပြန်မဖွင့်သေးဘဲ အောက်ထပ်မှာရှိတဲ့ အစားအသောက်တန်းကိုပဲ နေ့စဉ် မနက် ၁၁ နာရီက‌နေ ည ၉ နာရီအထိ ဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။

ဆူးလေရှန်ဂရီလာဟိုတယ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလကတည်းက ပိတ်ထားခဲ့တာဖြစ်ပြီး ဟိုတယ်နဲ့ဆက်စပ်တဲ့ Sule Square Mall & Office Shangri-La Residences ကို ဆက်လက်ဖွင့်ထားခဲ့တာ ဖြစ်ပါတယ်။

ဟိုတယ်မှာ အခန်းပေါင်း ၄၆၆ ခန်းရှိပြီး အရင်က ကုန်သည်ကြီးများဟိုတယ်နာမည်နဲ့ဖြစ်ပေမဲ့ ၂၀၁၄ ခုနှစ်မှာ ဟောင်ကောင်အခြေစိုက် ရှန်ဂရီလာအုပ်စုက ဆူးလေရှန်ဂရီလာ အမည်နဲ့ ပြောင်းလဲလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ဟိုတယ်အခန်းခဟာ တညကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၃၀ ကနေ ၂၅၀ လောက်ရှိခဲ့ပြီး အခုတော့ ၂ ညအိပ်ရင် တည အခမဲ့တည်းခိုခွင့်ပေးပြီး ဈေးလျှော့ထားတာ တွေ့ရပါတယ်။

ဒါကြောင့် အခုတော့ ၂ ယောက်အခန်း တခန်းအတွက် ကျပ်  ၉ သိန်းကနေ ၁၅ သိန်း၊ ၄ ညအိပ်ကို ၁,၃၅၀,၀၀၀ ကနေ ၂,၂၅၀,၀၀၀ ကျပ်၊ ၅ ညအိပ်ကို ကျပ် ၁၈ သိန်းကနေ ကျပ် သိန်း ၃၀ အထိ ရှိပါတယ်။

ကိုဗစ်ကာလမတိုင်ခင်တုန်းကတော့ အခန်းခကို ဒေါ်လာနဲ့ ပေးချေရတာဖြစ်ပြီး အခုအခါမှာတော့ မြန်မာငွေကျပ်နဲ့ ပေးချေခွင့်ပြုထားပါတယ်။

အရင်က ဆူးလေရှန်ဂရီလာဟိုတယ်မှာ ၄၆၆ ခန်းလုံးပြည့်တဲ့အထိ ဧည့်သည် ဝင်ရောက်ခဲ့ပြီး ၂၀၂၆ ခုနှစ်မှာတော့ ၁၀ ရာခိုင်နှုန်းလောက်ပဲ အဝင်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013