DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့နယ် ညောင်ပင်သာရဲစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်
DVB
·
December 13, 2023
ဖြူးမြို့နယ် ညောင်ပင်သာရဲစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်
Donate to DVB

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ထဲက ရန်ကုန်−မန္တလေးလမ်းမပေါ်ရှိ ညောင်ပင်သာနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့ ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြား ရရှိကာ ရဲတပ်ဖွဲ့ဝင် ၁ဝ ဦး သေဆုံးခဲ့တယ်လို့ BPLA ကွပ်ကဲရေးရုံးဘက်က သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက် ဒီကနေ့ မနက် ၅ နာရီက စတင်ကာ အဆိုပါရဲစခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် ၁ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့ကာ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကို ရရှိခဲ့ပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ပြန်ကြားရေးတာဝန်ခံက “အဲဒီစခန်းမှာက ရဲတွေပဲ ရှိတာဗျ၊ စစ်သားတွေကတော့ စစ်ကူလာမလိုလိုတော့ ကြားပေမဲ့ ရောက်မလာပါဘူးဗျ။ သေဆုံးမှုတွေကို အလောင်းနဲ့ပဲ အတည်ပြုပါတယ်။ စစ်ရေး အခြေအနေကတော့ ရန်သူဟာ စစ်သည်ပြုန်းတီးမှုနဲ့ ကြုံနေရပြီး စခန်းတွေ အကုန်ထိန်းသိမ်းဖို့ ခက်လာပါတယ်။ အဲဒီတော့ မြို့နဲ့အနီးဆုံးစခန်းတွေမှာပဲ အင်အားပေါင်းပြီး ခြေကုပ်ခံစစ် ပြင်လာပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲတွင်းမှာ ရဲစခန်းတွင်းကနေ BA-63(G3) ၂ လက်၊ G-2 ၁ လက်၊ BA-94 ၂ လက်၊ MA-13 ၂ လက်၊ Tear Gas Gun ၂ ခု၊ ပြောင်းချောသေနတ် ၄ လက်၊ RPG ထိပ်ဖူး ၂၁ လုံး၊ RPG ပို့ယမ်း ၁၇ ခု၊ ၉-မမကျည် ၈၀ တောင့်၊ ၆၀မမဗုံးသီး ၂၇ ခု၊ လက်ပစ်ဗုံး  ၆ လုံး၊ G3 ကျည် ၂၃၁ တောင့်၊ 5.56 ကျည် ၁၄၃ တောင့်၊ လက်ထိပ် ၄ ခု၊ လက်တော့ ၁လုံး၊ မျက်ရည်ယိုဗုံး ၄၆ လုံး၊ အသံဗုံး ၁ လုံး၊ ကျည်ကာ ၂ စုံ၊ ဦးထုပ် ၅လုံး၊ G3 ကျည်ဘောက် ၆ ခုနဲ့ ၉ လုံးကျည် ၂၀၁ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး BPLA တပ်တော်မှ ရဲဘော် ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

CDM တပ်မတော်သားတဦးက “အခု စခန်းသိမ်းပွဲတွေ၊ မြို့သိမ်းပွဲတွေ အများအပြား တွေ့လာရတယ်ဗျ။ တော်လှန်ရေးဘက်တော်သားတွေအနေနဲ့ အဆုံးစွန်အထိ တိုက်ခိုက်သွားမှာဖြစ်တယ်။ အဲဒါကြောင့် အခု မအလ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သား၊ ရဲတပ်ဖွဲ့ဝင်အားလုံး အချိန်မလွန်ခင် ပြည်သူနဲ့ ပူးပေါင်းမလား၊ ခွေးသေ ဝက်သေ အသေခံမလား စဥ်းစားစေချင်တယ်” လို့ ပြောပါတယ်။

သိမ်းပိုက်ရရှိထားတဲ့ ညောင်ပင်သာနယ်မြေရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် တော်လှန်ရေးတပ်တွေ ပြန်လည်ထွက်ခွါခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်ကတည်းက စတင်ကာ ပဲခူးတိုင်းရဲ့ နေရာအနှံ့အပြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပြင် ဒီဇင်ဘာ ၁၂ ရက်ကလည်း စစ်ကောင်စီဘက်ကနေ ဖြူးမြို့ အရှေ့ဘက်ကမ်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013