DVB Logo
Home
မြန်မာသတင်း
ကလိန်အောင်တွင် ရဲအရာရှိများ လိုက်ပါလာသည့်ကား ပစ်ခတ်ခံရပြီး ၃ ဦး သေဆုံး
DVB
·
December 12, 2023
ကလိန်အောင်တွင် ရဲအရာရှိများ လိုက်ပါလာသည့်ကား ပစ်ခတ်ခံရပြီး ၃ ဦး သေဆုံး
Donate to DVB

တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့နယ်၊ သာယာမွန်ရွာနဲ့ မိုင် ၆၀ ရွာအကြားတွင် ကလိန်အောင် နယ်မြေရဲစခန်းမှ ရဲအရာရှိ ၂ ဦးနဲ့ တပ်သားတစ်ဦး လိုက်ပါလာတဲ့ ဟွန်ဒါဖစ် အနက်ရောင် ကားတစ်စီး ဒီဇင်ဘာ ၁၂ ရက် မနက် ၉ နာရီဝန်းကျင်မှာ ပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ နယ်ထိန်း ဒုရဲအုပ်နိုင်မင်းအောင်၊ တပ်ကြပ်ကြီး မောင်နုနဲ့ သာမန်ရဲတပ်သားတစ်ဦး စုစုပေါင်း ၃ ဦးစလုံး သေဆုံးသွားကြောင်း မြို့ခံတွေက အတည်ပြုပါတယ်။

ကလိန်အောင်မြို့ခံတဦးက “မောင်နု အလောင်းကတော့ အိမ်ပြန်သယ်လာပြီ။ ကားလည်း ရဲစခန်းရောက်နေပြီ။ ကျန်နှစ်ယောက်လည်း အလောင်းရသွားပြီ။ ကားမှာ ပစ်ခံထားရတာကတော့ ရစရာကို မရှိဘူး။ မှန်တွေ အကုန်ကွဲနေတယ်”လို့  ပြောပါတယ်။

ကလိန်အောင်မှ မလွှဲတောင်သို့ တက်စဥ် လမ်းပိုင်းမှာ ပစ်ခံရလို့ ပြန်လှည့်မောင်းပြေးပေမဲ့ လမ်း​ဘေးက ဆက်တိုက် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း ပစ်ခတ်ခံရပြီးနောက် ဖြစ်စဥ်အနီး ရောက်ရှိခဲ့တဲ့ ကားသမားတွေက ပြောပြပါတယ်။

ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းတွင် ကလိန်အောင်မြို့နယ်၊ မိုင် ၆၀ ရွာအနီး၌ သေနတ်သံတွေ ဆူညံစွာ ထွက်ပေါ်သည်ကို ကြားခဲ့ရကြောင်း မိုင် ၆၀ ရွာသားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ၁၀ရက်ကလည်း ကလိန်အောင် နယ်မြေစခန်းက ရဲတပ်ကြပ်တစ်ဦး နေအိမ် တိုက်ခိုက်ခံရပြီး မိသားစုဝင်တဦး ဒဏ်ရာရခဲ့ပါတယ်။

ကလိန်အောင်နယ်မြေရဲစခန်းဟာ ရေး-ထားဝယ်ကားလမ်းပိုင်း မလွှဲတောင် စစ်ဆေးရေးဂိတ် လုံခြုံရေးအတွက် အလှည့်ကျတာဝန်ယူရတဲ့ ရဲစခန်းတစ်ခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013