DVB Logo
Home
မြန်မာသတင်း
ပလက်ဝမြို့ ၌ စစ်ကောင်စီတပ်သား ၂ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၈ ဦး အလင်းဝင်
DVB
·
December 11, 2023
ပလက်ဝမြို့ ၌ စစ်ကောင်စီတပ်သား ၂ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၈ ဦး အလင်းဝင်
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၈ ဦးတို့ ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့ ပလက်ဝထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ CDF ပလက်ဝ ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်က ပလက်ဝမြို့ ရှင်းလက်ဝရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၈ ဦးနဲ့  နိုဝင်ဘာ ၂၉ ရက်မှာ ဗျူဟာ ၃၊ ခလရ-၂၉၉ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၂ ဦးတို့ CDF-ပလက်ဝ ထံ အလင်းဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အလင်းဝင်ရောက်လာကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲမှာ တပ်ကြပ်ကြီး အဆင့်ကနေ ရဲတပ်သားအထိ ပါဝင်တယ်လို့ သိရပါတယ်။

ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ကောင်စီ ဥက္ကဋ္ဌ ဆလိုင်းမျိုးခေတ်က“လုံခြုံတဲ့နေရာ ရောက်ကြပါပြီ။ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ လုပ်ပေးပါတယ်။ ဆက်သွယ်တာ အရင်ကတည်းကပါ။ ခုလည်း ဆက်သွယ်တဲ့သူတွေ ရှိပါတယ်။ အဆင်ပြေအောင် စီစဉ် ဆောင်ရွက်ပေးနေပါတယ်” လို့ ပြောပါတယ်။

ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ကောင်စီနဲ့ CDF-ပလက်ဝတို့အနေနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံလာမယ့် တပ်မတော်သား၊ ရဲတပ်သားတွေကို အမြဲကြိုဆိုပြီး ဘေးကင်းရာကို ပို့ဆောင်ပေးမယ်လို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013