DVB Logo
Home
နိုင်ငံတကာ
ဟားမတ်စ်အဖွဲ့ကို ဖိအားတိုးပေးရမည်ဟု အစ္စရေး စစ်ဦးစီးချုပ် ပြော
DVB
·
December 10, 2023
ဟားမတ်စ်အဖွဲ့ကို ဖိအားတိုးပေးရမည်ဟု အစ္စရေး စစ်ဦးစီးချုပ် ပြော
Donate to DVB

ပြိုလဲသွားမယ့် အရိပ်အယောင်တွေ ပြသနေတဲ့ ဟားမတ်စ်အဖွဲ့အပေါ် အစ္စရေးစစ်တပ်က ဖိအားတွေ တိုးပေးရမယ်လို့ အစ္စရေးစစ်ဦးစီးချုပ်က ဒီဇင်ဘာ ၉ ရက်မှာ ပြောလိုက်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ဟာဇီ ဟာလေဗီက "လက်နက်ချနေကြတဲ့ အကြမ်းဖက်သမားတွေ၊ စနစ်ပြိုကွဲမှုရဲ့ လက္ခဏာတွေ၊ ကျနော်တို့ ပိုပြီးတော့ ဖိအားပေးဖို့ လိုအပ်နေတဲ့ လက္ခဏာရပ်တွေကို တွေ့နေရတယ်" လို့ စစ်သားတွေနဲ့ တွေ့ချိန်မှာ ပြောခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကလည်း ဂါဇာက ဟားမတ်စ်တွေကို တိုက်နေတဲ့ စစ်ပွဲမှာ အပစ်အခတ် ရပ်စဲရေး တောင်းဆိုမှုကို တားဆီးထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဗီတိုအာဏာသုံးစွဲမှုကို ကျေးဇူးတင်တယ်လို့ ဒီဇင်ဘာ ၉ ရက်မှာ ပြောခဲ့ပါတယ်။

“ဟားမတ်စ်ပပျောက်ရေးကို တဖက်က ထောက်ခံဖို့နဲ့ ဟားမတ်စ်တွေကို ချေမှုန်းရေး ဟန့်တားမယ့် စစ်ပွဲအဆုံးသတ်ရေးကို တဖက်က တောင်းဆိုဖို့ က မဖြစ်နိုင်ဘူး ဆိုတာ တခြားနိုင်ငံ တွေကလည်း နားလည်ထားရမယ်” လို့ နေတန်ယာဟုက ပြောခဲ့ပါတယ်။

သောကြာနေ့က ကုလသမဂ္ဂမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံထဲမှာ ၁၃ နိုင်ငံက ထောက်ခံမဲပေးခဲ့ပေမဲ့ အမေရိကန်က သူ့ရဲ့ ဗီတိုအာဏာကိုသုံးပြီး ပယ်ချခဲ့ပါတယ်။

ဗြိတိန်ကတော့ ကြားနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က အပစ်အခတ်ရပ်စဲရေး ပြိုကျပြီးက တည်းက အစ္စရေးဟာ မြေပြင်ထိုးစစ်ကို ခန်းယူးနစ်စ်မြို့ အတွင်း တွန်းပို့ခဲ့ပြီး မြေပြင်လှုပ်ရှားမှုကို ဂါဇာကမ်းမြောင်တောင်ဘက်ခြမ်းဆီ တိုးချဲ့ခဲ့ပါတယ်။ 

တချိန်တည်းမှာပဲ မြောက်ပိုင်းမှာ တိုက်ပွဲတွေ တဟုန်ထိုး တိုးလာတယ်လို့ နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013