DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီပြတ်လပ်မှုကြောင့်  ရန်ကုန်ရှိ လူမှုကူညီရေးအသင်းအချို့ အခက်ကြုံ
DVB
·
December 9, 2023
စက်သုံးဆီပြတ်လပ်မှုကြောင့်  ရန်ကုန်ရှိ လူမှုကူညီရေးအသင်းအချို့ အခက်ကြုံ
Donate to DVB

ရန်ကုန်မြို့မှာ လတ်တလော စက်သုံးဆီတွေ ဝယ်မရဘဲ ပြတ်တောက်နေတာကြောင့် လူမှုကူညီရေးအသင်း တချို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ရန်ကုန်မြို့မှာ စက်သုံးဆီဈေးတွေ မြင့်တက်လာသလို လွယ်လင့်တကူ ဝယ်မရတာတွေကြောင့် ဒီကနေ့မှာတော့ မြို့အတွင်း စက်သုံးဆီပြတ်တောက်မှုအခြေအနေတွေနဲ့ ကြုံတွေ့နေရတယ်လို့ ရန်ကုန်မြို့ရှိလူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

"အရင်ရက်တွေကတော့ ဈေးတက်သွားတာပေါ့။ ဒါ့ပေမဲ့ အလှူရှင်တွေရှိတော့ အဲဒီလောက် အခက်အခဲ သိပ်မဖြစ်ဘူး။ အခုက ဆီဆိုင်တွေမှာ ဆီ မရှိလို့ ဝယ်မရဘူးဆိုတဲ့အချိန်မှာတော့ ပိုဆိုးသွားတာပေါ့။ တချို့ မငြင်းချင်တာတွေကိုလည်း ငြင်းလိုက်ရတယ်။ အဓိကကတော့ စက်သုံးဆီ မရတော့ ကားတွေ မထွက်နိုင်တော့တာပါ"

စက်သုံးဆီတွေကို ရန်ကုန်မြို့ရှိ သီလဝါဘက်မှာ ဆီတင်ကားတွေနဲ့ သွားရောက် ယူဆောင်နေပြီး ရရှိလာပါက ပြန်လည်ရောင်းချသွားမယ်ဆိုပြီးလည်း ရန်ကုန်မြို့က စက်သုံးဆီဆိုင် တွေမှာ စာရေးသားအသိပေးထားပါတယ်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် နေသူတစ်ဦးက ​" အခု ဆိုင်တွေက လက်ခါပြတဲ့ အခြေအနေကနေ နောက်ဆုံး စာကပ်ကြေညာရတဲ့ အခြေအနေထိရောက်နေတာပေါ့။ သူတို့က တော့ သီလဝါက ကားတွေပြန်ရောက်ရင် ပြန်ရောင်းပေးမယ်လို့ပြောတယ်။ အခုတော့ တန်းစီတဲ့ နေရာတွေလည်း တန်းစီနေရတယ်။ မရတဲ့နေရာတွေလည်း မရဘူးဖြစ်နေတာ။ ဒီအခြေအနေမှာ လူမှုကူညီရေးကားတွေအတွက် အခက်အခဲတွေဖြစ်နေမယ်ဆိုတာ သိသာပါတယ်" လို့ ပြောပါ တယ်။

ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီ သွားရောက်ထုတ်ယူနေကြတဲ့ ဆီတင်ကားတွေလည်း ညအိပ်စောင့်ဆိုင်းနေရတာရှိပါတယ်။

လက်ရှိ စက်သုံးဆီ ပြတ်တောက်မှု အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်တွင်းသုံးစွဲဖို့ လိုအပ်တဲ့ စက်သုံးဆီ အလုံအလောက်ရှိကြောင်းနဲ့ ကောလာဟလသတင်းများကြောင့် လိုအပ်တာထက် ပိုမိုဝယ်ယူတာမလုပ်ဖို့  စစ်ကောင်စီ မီဒီယာတွေမှာ ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013