DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် စက်သုံးဆီစျေးနှုန်း အဆမတန်မြင့်တက်
DVB
·
December 9, 2023
ရခိုင်ပြည်နယ်တွင် စက်သုံးဆီစျေးနှုန်း အဆမတန်မြင့်တက်
Donate to DVB

ရခိုင်ပြည်နယ်မှာ စက်သုံးဆီစျေးနှုန်း အဆမတန် မြင့်တက်နေတာကြောင့် ပြည်သူတွေ အခက်ခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးတဲ့နောက်မှာ စက်သုံးဆီတလီတာကို ကျပ်  ၂၀၀၀၀ ကနေ ၃၀၀၀၀ အထိ စျေးနှုန်း အဆမတန် မြင့်တက်သွားတယ်လို့ စစ်တွေမြို့ခံတယောက်က ပြောပါတယ်။

“စစ်တွေမြို့ပေါ်မှာတော့ စက်သုံးဆီတလီတာကို အရင်ကကျပ် ၂၅၀၀ လောက်သာ ပေးရပေမဲ့ အခု ၃၀၀၀၀ ကျပ်အထိမြှင်တက်သွားတယ်။ ဒါတောင် လိုသလောက်ဝယ်ယူလို့မရဘဲ အကန့်သတ် နဲ့ပဲ ဝယ်ယူနေရတယ်။”

ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှာလည်း အောက်တိန်း၊ ဒီဇယ် ၁ လီတာကို ကျပ် ၂၀၀၀၀ အထိ မြင့်တက်နေလို့ အခက်ခဲဖြစ်နေကြတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ဒေသခံတဦးက ပြောပါတယ်။

“ဆီစျေးနှုန်းမြင့်တက်တာကြောင့် ဆိုင်ကယ်တောင် မစီးနိုင်တော့ဘဲ ခြေလျင်ပဲ သွားနေကြ ရတယ်။ခရီးအကွာအဝေး တမိုင်လောက်အကွာအဝေးကို ဆိုင်ကယ် ဘေးတွဲနဲ့ သွားမယ်ဆိုရင် ၂၀၀၀၀ ကျော်အထိ ပေးရတယ်။”

ဆီးစျေးတွေ မြင့်တက်သွားတာကြောင့် လယ်သမားတွေလည်း စပါးရိတ်သိမ်းဖို့ အခက်ခဲ ဖြစ်နေ ကြသလို လက်နဲ့ ရိတ်သိမ်းမယ်ဆိုရင်လည်း အချိန်မှီမရိတ်သိမ်းနိုင်တာကြောင့် အခက်ခဲ ဖြစ်နေကြတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရေကြောင်းခရီးသွားလာရတာ များပြားတာကြောင့် စက်လှေတွေနဲ့ သွားလာဖို့လည်း ဆီစျေးအဆမတန် မြင့်တက်နေတာကြောင့် အဆင်မပြေတော့ဘဲ လှော်တက်ကို အသုံးပြုပြီး လက်နဲ့ပဲ လှော်ခတ်ပြီး သွားလာနေကြရတယ်လို့ ဆိုပါတယ်။

ဆီစျေးနှုန်းတွေ အဆမတန်မြင့်တက်သွားတာကြောင့် အသေးစား စက်ရုံ၊ အလုပ်ရုံတွေ၊ စက်တပ်ယာဥ်တွေ စက်ပစ္စည်းနဲ့ အသုံးပြုရတဲ့ လုပ်ငန်းတွေ ရပ်တန့်ထားရပြီး ဝန်ဆောင်ခ အဆမတန် မြင့်တက် သွားတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက်က တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်တပ်က ကုန်းလမ်း၊ ရေလမ်းတွေ ခရီးသွားလာခွင့် ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013