DVB Logo
Home
နိုင်ငံတကာ
ပီရူးသမ္မတဟောင်း ဖူဂျီမိုရီ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာ 
DVB
·
December 8, 2023
ပီရူးသမ္မတဟောင်း ဖူဂျီမိုရီ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာ 
Donate to DVB

၁၉၉၀ ပြည့်လွန်နှစ်တွေက ဆယ်စုနှစ်ချီ အုပ်ချုပ်မှုကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု တွေကြောင့် ထောင်ဒဏ် ၂၅ နှစ် ကျခံနေရတဲ့ ပီရူးသမ္မတဟောင်း အယ်လ်ဘာတို ဖူဂျီမိုရီကို တရားရုံးက အငြင်းပွားစရာ ၂၀၁၇  လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်လည်ခွင့်ပြုခဲ့ပြီးနောက် ဒီဇင်ဘာ ၆ ရက် ညနေပိုင်းမှာ ပြန်လည် လွတ်မြောက်လာပါတယ်။ 

ကျူးလွန်ခံရသူတွေရဲ့ မိသားစုတွေက ဝေဖန်မှုတွေ ရှိနေတဲ့ကြားက နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးဟာ အသက် ၈၅ နှစ်ရှိ ဖူဂျီမိုရီအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်နဲ့  လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်ပေးအပ်ဖို့ အယူခံကို အင်္ဂါနေ့က လိုက်လျောဆုံးဖြတ်ခဲ့ပါတယ်။ 

ပီရူးနိုင်ငံပိုင် အမျိုးသားပြန်လည်သင့်မြတ်ရေးအဖွဲံက ဖူဂျီမိုရီကို "ချက်ချင်းပြန်လွှတ်ပေးဖို့" အမိန့်ထုတ်ခဲ့ပြီးနောက် မကြာမီမှာ ဖူဂျီမိုရီဟာ လီမာမြို့ဆင်ခြေဖုံးရှိ အကျဉ်းထောင်ကနေ ထွက်ခွာခဲ့ပြီး သူ့သမီးဖြစ်သူ ကဲအိကို  ဖူဂျီမိုရီရဲ့ နေအိမ်ကို ရောက်ရှိခဲ့ပါတယ်။

သမ္မတဟောင်းရဲ့ သားသမီး ၂ ယောက်ဟာ နေအိမ်အပြင်ဘက်မှာ လာရောက်စုရုံးနေကြတဲ့ ထောက်ခံသူတွေရဲ့ ပံ့ပိုးမှုကို ကျေးဇူးတင်ရှိကြောင်း ထုတ်ဖော် ဂါရဝပြုခဲ့ကြပါတယ်။

သမ္မတဟောင်း ဖူဂျီမိုရီဟာ ၂၀၀၇ ခုနှစ်မှာ ချီလီနိုင်ငံကနေ ပီရူးနိုင်ငံကို လွှဲပြောင်းအပ်နှံ ခံရပြီးနောက် ၁၆ နှစ်လောက် ပြစ်ဒဏ်ကျခံခဲ့ရတာပါ။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရုပ်မြင်သံကြား ကြေညာချက်ထဲမှာ ပီရူးနိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးရဲ့ စီရင်ချက်ကို လိုက်နာပေမဲ့လည်း နိုင်ငံတကာ စာချုပ်တွေကိုလည်း လိုက်နာတာ ဖြစ်ကြောင်း ပြောပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013