DVB Logo
Home
အားကစား
ပရီးမီးယားလိဂ်ပွဲစဉ်များကို Sky Sports ပြသခွင့်ရ
DVB
·
December 7, 2023
ပရီးမီးယားလိဂ်ပွဲစဉ်များကို Sky Sports ပြသခွင့်ရ
Donate to DVB

၂၀၂၅ ခုနှစ်ကစပြီး အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲ ၁၀၀ နီးပါးကို Sky sports အနေနဲ့ ပြသခွင့်ရရှိခဲ့တယ်လို့  ပြောကြားခဲ့ပါတယ်။

စနေနေ့ညနေ ၃ နာရီပွဲချိန်တွေကလွဲလို့ ကျန်တဲ့ပွဲစဉ်တွေ အားလုံးကို ဗြိတိန်မှာ ပထမဆုံးအကြိမ် ထုတ်လွှင့်ပြသသွားမှာလို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

Sky Sports အနေနဲ့ ၂၀၂၅-၂၆ ခုနှစ်ရာသီကနေ ၂၀၂၈-၂၉ ရာသီအထိ တရာသီကို အနည်းဆုံး ၂၁၅ ပွဲ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး TNT sports ကနေ အဲ့ဒီကာလတွေအတွင်းမှာ တရာသီကို ၅၂ ပွဲစီ ပြသသွားမှာဖြစ်ပါတယ်။

ဒီသဘောတူညီမှုဟာ လေးနှစ်တာကာလအတွင်း ဝင်ငွေ ပေါင် ၆ ဒသမ ၇ ဘီလီယံ ရရှိနိုင်လိမ့်မယ်လို့ ပရီးမီးယားလိဂ်က ထုတ်ပြန်ချက်မှာ ရေးသားထားပြီး ဒါဟာ အရင်လုပ်ခဲ့တဲ့ လုပ်ငန်းစဉ်နဲ့ နှိုင်းယှဉ်ရင် တိုက်ရိုက်ပြသခွင့်ကနေ ၄ ရာခိုင်နှုန်း ပိုတိုးလာတာလို့ ထည့်သွင်း ဖော်ပြထားပါတယ်။=

Sky Sports ကနေ ၂၀၁၈ ခုနှစ်တုန်းက ၃ နှစ်တာအတွက် တရာသီကို ၁၂၈ ပွဲ ပြသခွင့်အတွက် ၃ ဒသမ ၆ ဘီလီယံပေါင် ပေးချေခဲ့ပြီး ၂၀၂၁ ခုနှစ်တုန်းက လေလံလုပ်ငန်းစဉ်မရှိဘဲ သက်တမ်းတိုးခဲ့ပါတယ်။

BT နဲ့ Warner Bros Discovery တို့ရဲ့ ဖက်စပ်လုပ်ငန်းဖြစ်တဲ့ Sky နဲ့ TNT တို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ကြည့်ရှုသူ ပိုမိုတိုးလာဖို့ လုပ်ဆောင်နိုင်လိမ့်မယ်လို့ ပရီးမီးယားလိဂ် အမှုဆောင်ချုပ် ရစ်ချတ် မာစတာစ်က ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013