DVB Logo
Home
အားကစား
Sky Sports၊ Mirror နှင့် ESPN တို့ အပါအဝင် မီဒီယာအချို့ကို မန်ယူ ပိတ်ပင် 
DVB
·
December 6, 2023
Sky Sports၊ Mirror နှင့် ESPN တို့ အပါအဝင် မီဒီယာအချို့ကို မန်ယူ ပိတ်ပင် 
Donate to DVB

မန်ယူအသင်းက နည်းပြအဲရစ်တန်ဟတ်ဂ်ရဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ဖို့ ပိတ်ပင်ခဲ့တဲ့ မီဒီယာတွေထဲမှာ နာမည်ကြီး Sky Sports အပါအဝင် Mirror နဲ့ ESPN တို့လည်း ပါဝင်ပါတယ်။

ချဲလ်ဆီးနဲ့ ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲကို မနေ့က ပြုလုပ်ခဲ့ရာမှာ Sky Sports သတင်းထောက်ချုပ် ဆိုလီဟော အပါအဝင်၊ Mirror သတင်းစာက ဒေးဗစ်မက်ဒေါ်နယ်နဲ့ ESPN က ရော့ဘ်ဒေါ်ဆင်၊ မန်ချက်စတာညနေခင်း သတင်းစာက မန်ယူသတင်းထောက်ချုပ် ဆင်မြူရယ် တို့ တက်ရောက်ခွင့် မရခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပိတ်ပင်မှုကို မန်ယူအသင်း ပြင်ပဆက်ဆံရေးမန်နေဂျာ အန်ဒရူးက  ထုတ်ပြန်ခဲ့တာဖြစ်ပြီး မီဒီယာတွေအနေနဲ့ သတင်းမရေးခင်မှာ အသင်းဆီ ဆက်သွယ်မေးမြန်းဖို့ ပျက်ကွက်ခဲ့တာကြောင့်ဖြစ်ကြောင်း ပြောပါတယ်။

နည်းပြအဲရစ်တန်ဟတ်ဂ်ကလည်း မီဒီယာတွေအနေနဲ့ သတင်းအတည်ပြုချက်မရခင်မှာ အသင်းဆီကို ဦးစွာမေးမြန်းဖို့လိုအပ်ပြီး  ဖြစ်ရပ်တစ်ခုမှာ အသင်းဘက်ကနေ ပရော်ဖက်ရှင်နယ် ပီသစွာ ဆွေးနွေးငြင်းခုံသွားဖို့ အသင့်ရှိကြောင်း ပြောသွားပါတယ်။ 

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013