DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုတွင် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါ ၅ ဦးသေဆုံး
DVB
·
December 5, 2023
ကျိုက်ထိုတွင် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါ ၅ ဦးသေဆုံး
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်း(ကွာရီအပိုင်)အကွေ့မှာ ဒီဇင်ဘာ ၄ ရက် မွန်းလွဲ ၃ နာရီကျော်လောက်က စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတယောက် အပါအဝင် ၅ ယောက်သေဆုံးပြီး ၆ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ရန်ကုန်-မော်လမြိုင်လမ်းပေါ် ဘီးလင်းဘက်ကနေ ပဲခူးမြို့ဘက်ကို ကား ၇ စီးနဲ့ ထွက်ခွာလာတဲ့ တပ်မ ၄၄ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့တွေ လိုက်ပါလာတဲ့ စစ်ယာဉ်တန်းကို စစ်ရေးပစ်မှတ်အနေနဲ့ မိုင်း ၂ လုံးဆွဲ တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုအတွင်း ၃ စီးမြောက်ယာဉ်ရဲ့ ညာဘက်ခြမ်း ထိမှန်ပျက်စီးခဲ့ပြီး စစ်ယာဉ်တန်း မောင်းပြေးသွားခဲ့ရာ စစ်တောင်းတံတားဂိတ်အရောက်မှာ ထိခိုက်သေဆုံးသူတွေကို တခြားယာဉ်ပေါ် လွှဲပြောင်းပေးခဲ့ပြီး ပဲခူးမြို့ဘက်ကို ဆက်လက်ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “စစ်ယာဉ်တန်း သထုံဘက်ကနေ စထွက်လာတည်းက ကြိုပြီး သတင်းရထားတယ်။ အဲဒါကို စောင့်ပြီး မိုင်းဆွဲတိုက်ခိုက်တာ။ သူတို့ ဘီးလင်းကျော်လာပြီဆိုတာကို သတင်းတွေအရ ထပ်အတည်ပြုပြီး တိုက်ခိုက်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် ယာဉ်ပေါ်ကနေ လမ်းဘေးဝဲယာကို လက်နက်ငယ်တွေနဲ့ းပစ်ခတ်ခဲ့တဲ့အပြင် စစ်‌တောင်းတံတားဂိတ်နဲ့ မုပ္ပလင် စစ်ဆေးရေ; ဂိတ်တွေကနေ လက်နက်ကြီးတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့နေရာကို ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို မျက်မြင်တွေ့ရှိတဲ့ ဒေသခံတွေနဲ့ တပ်တွင်းသတင်းတွေအရ အတည်ပြုနိုင်ခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်သူမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ တာဝန်ရှိသူဆီက သိရပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲံဒီတိုက်ခိုက်မှုကို KNLA၊ Tiger Group၊ KRF၊ ကျိုက်ထို ပကဖ၊ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013