DVB Logo
Home
အားကစား
၂၀၂၃ ခုနှစ် အကောင်းဆုံးကစားသမားဆုများ ဟာလန်းနှင့် ဘယ်လင်ဂမ်တို့ သိမ်းပိုက်
DVB
·
December 5, 2023
၂၀၂၃ ခုနှစ် အကောင်းဆုံးကစားသမားဆုများ ဟာလန်းနှင့် ဘယ်လင်ဂမ်တို့ သိမ်းပိုက်
Donate to DVB

၂၀၂၃ ခုနှစ်ရဲ့ အကောင်းဆုံးကစားသမားဆုတွေကို မန်စီးတီးတိုက်စစ်မှူးဟာလန်းနဲ့ ရီးရဲလ် ကွင်းလယ်လူ ဘယ်လင်ဂမ်တို့က ရရှိသွားပါတယ်။

မနေ့ညက အီတလီနိုင်ငံ တူရင်မြို့မှာကျင်းပတဲ့  ဆုပေးပွဲမှာ အင်္ဂလန်နဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဘယ်လင်ဂမ်က Golden Boy Award လို့ခေါ် တဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုရရှိခဲ့တာပါ။

သူဟာ လက်ရှိအချိန်အထိ ရီးရဲလ်မက်ဒရစ်အတွက် ၁၅ ဂိုးသွင်းထားပါတယ်။ နော်ဝေနဲ့ မန်စီးတီးတိုက်စစ်မှူးဟာလန်းက Golden Player Man Award  ဆုလို့ခေါ်တဲ့ အကောင်းဆုံးစီနီယာ ကစားသမားဆုရရှိခဲ့တာပါ။

အမျိုးသမီး အကောင်းဆုံးကစားသမားဆုကိုတော့ စပိန်နဲ့ ဘာစီလိုနာ ကစားသမား ဘွန်မာတီက ရရှိခဲ့ပါတယ်။

ဆုပေးပွဲကို တက်ရောက် ရယူခဲ့တဲ့ ဘယ်လင်ဂမ်ကတော့ ဆုရရှိတဲ့အပေါ်ဂုဏ်ယူမိပြီး ဝိန်းရွန်းနီက ငယ်ဘဝကို လွှမ်းမိုးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ကြောင်းပြောသွားပါတယ်။

ဟာလန်းကတော့ ဆုပေးပွဲကို တက်ရောက်ခြင်းမရှိပေမဲ့ ဂုဏ်ယူစရာဖြစ်ကြောင်း ဆိုရှယ်မီဒီယာကနေ ရေးသားသွားပါတယ်။ 

Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013