
အင်္ဂလန်ပရီးမီယားလိဂ်ရဲ့ စက်တင်ဘာလအတွက် အကောင်းဆုံး ကစားသမားဆုကို မန်ချက်စတာစီးတီးတိုက်စစ်မှူး ဟာလန်းက ရရှိသွားပါတယ်။
ဟာလန်းကစက်တင်ဘာလအတွင်း မန်ချက်စတာစီးတီးအသင်းအတွက် ၃ ပွဲကစားရာမှာ ၅ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးပေးခဲ့တာပါ။
သူဂိုးသွင်းခဲ့တဲ့အသင်းတွေကတော့ မြို့ခံပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကို ၂ ဂိုး၊ လက်ရှိ ဇယားထိပ်က အာဆင်နယ်အသင်းကို ၁ ဂိုးနဲ့ ဘန်လေအသင်းကို ၂ ဂိုး သွင်းယူခဲ့တာပါ။
ဒီဆုဟာ မန်စီးတီး တိုက်စစ်မှူးအတွက် ၄ ကြိမ်မြောက်ရတဲ့ ပရီးမီးယားလိဂ်ရဲ့ တလအတွင်း အကောင်းဆုံး ကစားသမားဆုဖြစ်ပါတယ်။
အဲဒီအကြိမ်အရေအတွက်ဟာ ပရီးမီးယားလိဂ် နာမည်ကြီးကစားသမားဟောင်းတွေဖြစ်တဲ့ သီယာရီ အွန်နရီ၊ လမ်းပတ်၊ ဟောင်မင်ဆွန်၊ ရက်ရှ်ဖို့ဒ်၊ ဗာဒီ၊ အလန်ရှီးယားရား၊ ပေါစခိုးနဲ့ ဒင်းနစ်ဘားကမ့်တို့ ရထားတဲ့ အရေအတွက်နဲ့ တူညီပါတယ်။
Photo: Reuters










