DVB Logo
Home
နိုင်ငံတကာ
စပိန်တွင် တက်ကြွလှုပ်ရှားသူများက သားမွေးလုပ်ငန်းကို ဝတ်လစ်စလစ် ဆန္ဒပြ
DVB
·
December 4, 2023
စပိန်တွင် တက်ကြွလှုပ်ရှားသူများက သားမွေးလုပ်ငန်းကို ဝတ်လစ်စလစ် ဆန္ဒပြ
Donate to DVB

စပိန်နိုင်ငံရဲ့ အေးမြတဲ့ ဘာစီလိုနာမြို့မှာ အဝတ်ဝတ်မထားတဲ့  ဝတ်လစ်စလစ်  တက်ကြွလှုပ်ရှားသူ အယောက် ၅၀ ဟာ သားမွေးလုပ်ငန်းကို ဆန့်ကျင်တဲ့အနေနဲ့  ၁၂ ဒီဂရီစင်တီဂရိတ်ရှိတဲ့ ရာသီဥတုကို အံတုပြီး သတ္တိရှိရှိ ဆန္ဒပြခဲ့ကြပါတယ်။

သားမွေးထုတ်ဖို့မွေးတဲ့ တိရစ္ဆာန် မွေးမြူရေးခြံတွေနဲ့ သားမွေးထုတ်ကုန်တွေကို ဥရောပဈေးကွက်မှာ ပိတ်ပင်ဖို့ ဥရောပသမဂ္ဂ (အီးယူ) ကို ဒီဇင်ဘာ ၃ ရက်က တောင်းဆိုခဲ့ပါတယ်။

ဒီဆန္ဒပြပွဲဟာ လက်မှတ်ပေါင်း ၁ သန်းခွဲ ကျော် စုဆောင်းထားတဲ့ ဥရောပနိုင်ငံသား ကနဦးခြေလှမ်း #FurFree Europe ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် နှောင်းပိုင်းမှာ တိရစ္ဆာန် သက်သာချောင်ချိရေး ဥပဒေပြုရေးကို ပြန်သုံးသပ်ဖို့ ဥရောပကော်မရှင်ရဲ့ ကတိကဝတ်နဲ့ တက်ကြွလှုပ်ရှားသူတွေဟာ သားမွေးအတွက် တိရစ္ဆာန် မွေးမြူတာ၊ မွေးမြူရေးလုပ်ငန်းနဲ့ တိရစ္ဆာန်တွေကို စမ်းသပ်တာလို လုပ်ငန်းတွေမှာ တိရစ္ဆာန်တွေ ဝေဒနာခံစားရတာ သက်သာရာရစေရေး ချက်ချင်းလုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

အီးယူအဖွဲ့ဝင်နိုင်ငံတချို့ဟာ သားမွေးအတွက် တိရစ္ဆာန်မွေးမြူတာကို ပိတ်ပင်ထားပေမဲ့ သားမွေး ရောင်းဝယ်ဖောက်ကားမှုဟာ တိရစ္ဆာန် ၃၂ သန်းကို စတေးခဲ့တာပါ။

ဒါကြောင့် ပြည်သူ့ကျန်းမာရေး၊ ဥပဒေ၊ သဘာဝပတ်ဝန်းကျင်နဲ့ ကျင့်ဝတ်ဆိုင်ရာ နယ်ပယ်တွေမှာ ထည့်သွင်းစဉ်းစားဖို့လိုတာ သတိပြုရင်း ပြည့်စုံတဲ့ ဥရောပ ဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းဖို့ လိုတယ်လို့ အန်နီမာ နာတူရာလစ်အဖွဲ့မှ တက်ကြွလှုပ်ရှားသူတွေက အလေးထား ပြောဆိုခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013