DVB Logo
Home
နိုင်ငံတကာ
ပင်လယ်ပြင်မှ ကိုကင်း ၁၁၀၈ ကီလိုဂရမ်ကို ကိုလံဘီယာရေတပ် ရှာတွေ့
DVB
·
December 4, 2023
ပင်လယ်ပြင်မှ ကိုကင်း ၁၁၀၈ ကီလိုဂရမ်ကို ကိုလံဘီယာရေတပ် ရှာတွေ့
Donate to DVB

ကိုလံဘီယာနိုင်ငံရဲ့ ရေတပ်ဟာ မှောင်ခိုသင်္ဘောတစင်းကို ကြားဖြတ်ဖမ်းမိပြီးနောက်မှာ ဒစ္စနေးရဲ့ နာမည်ကျော် ကာတွန်းဇာတ်ကောင်ပုံတွေနဲ့ ထုပ်ပိုးထားတဲ့ ကိုကင်း အလေးချိန် ၁,၁၀၈ ကီလိုဂရမ် ရှိတဲ့ ကိုကင်းအထုပ်တွေကို ပင်လယ်ပြင်ကနေ ပြန်ရှာဖွေတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ဒီဇင်ဘာ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

မှောင်ခိုသင်္ဘောမှ ဝန်ထမ်းတွေဟာ သူတို့ကို စောင့်ကြည့်နေကြောင်း သိရှိသွားကြပြီးနောက်မှာ သူတို့ရဲ့မှောင်ခိုကုန် တားမြစ်ဆေးအထုပ်ကို ရေထဲကို ပစ်ချခဲ့ကြတာဖြစ်ပြီး ဘိုလီဗာပြည်နယ်ရှိ ကာတဂေးနာ ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းခြေစောင့် သင်္ဘောတွေဟာ မူးယစ်ဆေးဝါးတွေကို ရေထဲကနေ ပြန်ရရှိခဲ့တယ် လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

မှောင်ခိုသမားတွေဟာ သူတို့ရဲ့သင်္ဘောကို ကမ်းခြေတခုမှာ စွန့်ပစ်ခဲ့ပြီး ထွက်ပြေးလွတ်မြောက် သွားပါတယ်။ 

ကမ်းခြေစောင့်အဖွဲ့တွေဟာ လေးထောင့်အထုပ်ပေါင်း ၁,၁၀၀ ပါ၀င်တဲ့ အထုပ် ၄၄ ခုကို ပြန်ရယူခဲ့ပြီး PIPH စမ်းသပ်မှုအပြီးမှာ ကိုကင်းရဲ့ ကလိုဟိုက်ဒရိတ် ဓာတ်ပါဝင်မှုကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း ကာတဂေးနာ ကမ်းရိုးတန်းစောင့် ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို ဆယ်စုနှစ်ချီ တွန်းလှန်ခဲ့ပေမယ့်လည်း ကိုလံဘီယာ ဟာ ကမ္ဘာ့ထိပ်တန်း ကိုကင်းထုတ်လုပ်တဲ့ နိုင်ငံ တခုအဖြစ် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013