
ပါကစ္စတန်နိုင်ငံမြောက်ပိုင်း၊ ချီလတ်စ်မြို့အနီးမှာ ဒီဇင်ဘာ ၂ ရက် စနေနေ့က ဘတ်စ်ကားတစီးကို သေနတ်သမားတွေက တိုက်ခိုက်ခဲ့လို့ ခရီးသည် ၈ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်နဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
စနေနေ့ညနေပိုင်းမှာ စစ်သွေးကြွတွေဟာ ဘတ်စ်ကားကို ပစ်ခတ်ခဲ့ပြီး ဒဏ်ရာရသူတွေကို ဒေသဆိုင်ရာဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ မူဟမ်မဒ် အလီဂျိုဟာက ပြောပါတယ်။
သေနတ်သမားတွေဟာ တောင်ကုန်းတွေကနေ ဘတ်စ်ကားကို ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ပြည်နယ်အစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးက ဂင်းလ်ဂျစ်ထ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ သူတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဘဲ ပစ်ခတ်ရခြင်းရဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ခိုက်ဘာပက်တွန်ခွာပြည်နယ်အနီး ဂင်းလ်ဂျစ်ထ် ဘာလ်တစ်စ်စတန် တောင်တန်းဒေသမှာ တည်ရှိတဲ့ ချီလတ်စ်မြို့မှာ လတ်တလောနှစ်တွေအတွင်း တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့ပြီး အဲဒီထဲမှာ ပါကစ္စတန် တာလီဘန်တွေ သို့မဟုတ် တယ်ရိခ်-အီ- တာလီလန် ပါကစ္စတန် (TTP) ရဲ့ တိုက်ခိုက်မှုတချို့လည်း ပါဝင်နေပါတယ်။
Source/Photo - Reuters