DVB Logo
Home
အားကစား
ယူရို ၂၀၂၄ ပြိုင်ပွဲအတွက်မဲခွဲ  စပိန်နှင့် အီတလီတအုပ်စုတည်းကျရောက် 
DVB
·
December 3, 2023
ယူရို ၂၀၂၄ ပြိုင်ပွဲအတွက်မဲခွဲ  စပိန်နှင့် အီတလီတအုပ်စုတည်းကျရောက် 
Donate to DVB

ယူရို ၂၀၂၄ ဘောလုံးပြိုင်ပွဲအတွက် ဒီဇင်ဘာလ ၂ ရက်နေ့က မဲခွဲရာမှာ ဂျာမနီက  စကော့တလန်၊ ဆွစ်ဇာလန်၊ ဟန်ဂေရီတို့နဲ့ အုပ်စုအေမှာ တအုပ်စုတည်း  ကျရောက်သွားပါတယ်။ စပိန်အသင်းကတော့ အီတလီ၊ ခရိုအေးရှား၊ အယ်ဘာနီယာတို့နဲ့ အုပ်စုဘီမှာ ယှဉ်ပြိုင်ရမှာပါ။

အင်္ဂလန်အသင်းကတော့ ဆလိုဗေးနီးယား၊ ဒိန်းမတ်ခ်နဲ့ ဆားဘီးယားအသင်းတို့နဲ့ အုပ်စု စီမှာကျပ်ပြီး ။ ပြင်သစ်နဲ့ နယ်သာလန်တို့ အုပ်စု ဒီမှာ ကျရောက်နေကာ ပေါ်တူဂီအသင်းကတော့ အုပ်စု အက်ဖ်မှာ တူရကီနဲ့ ချက်နိုင်ငံအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။  

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့မှာကျင်းပတဲ့ မဲခွဲပွဲကို  နိုင်ငံအသင်းနည်းပြတွေနဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး play off အဆင့်နဲ့ ခြေစစ်ပွဲ အောင်မြင်ဖို့ ယှဉ်ပြိုင်နေကြဆဲဖြစ်တဲ့   နိုင်ငံပေါင်း ၁၂ နိုင်ငံနဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ အသင်းပေါင်း ၂၀ ဟာ အုပ်စုအဆင့်မှာ ရင်ဆိုင်ရမယ့်အသင်းတွေကို မဲခွဲဆုံးဖြတ်ခဲ့တာပါ။

ပြင်သစ်နည်းပြ ဒီဒီယာဒက်စ်ချမ့်ကတော့ ပြီးခဲ့တဲ့အစောပိုင်း အပတ်တွေက နောက်ကျောခွဲစိတ်ကုသမှု ခံယူနေရတာကြောင့် ဒီမဲခွဲပွဲကို မတက်ရောက်နိုင်ခဲ့ပါဘူး။

Group A: Germany, Scotland, Hungary, Switzerland

Group B: Spain, Croatia, Italy, Albania

Group C: Slovenia, Denmark, Serbia, England

Group D: Play-off winner A, Netherlands, Austria, France

Group E: Belgium, Slovakia, Romania, Play-off winner B

Group F: Türkiye, Play-off winner C, Portugal, Czechia

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013